အခန်း (၆၄) အခန္း (၆၄)

1.2K 311 41
                                    

[Unicode]

သစ်ခွပန်းလေးက ပြတင်းပေါက်ကိုမှီလျက် အပြင်ဘက်သို့ အချိန်အတော်ကြာအောင် ကြည့်လို့နေသည်။ မကြာမီပင်အဝေးဆီမှ 'ဘုန်း'ခနဲမြည်သံကို ရုတ်တရက်ကြားလိုက်ရ၏။ သူမက အသံလာရာလမ်းအတိုင်းလှမ်းကြည့်လိုက်သည်။ မြို့တော်၏အရှေ့ပိုင်းတွင် အမှန်ပင် လူပုံသဏ္ဌာန်အနက်ရောင်အရိပ်အကြီးကြီးတစ်ခု မတ်တပ်ရပ်လို့နေပါသည်။

ထိုရပ်နေသူမှာ သစ်ခွပန်းလေးမြင်နေရသည့်အတိုင်းဆိုလျှင် (၅)ကျန့်၊ (၆)ကျန့်မျှ မြင့်ပေမည်။ သူက မိုးကောင်းကင်ယံသို့ အော်ဟစ်ကြွေးကြော်လိုက်သည်မှာ မိစ္ဆာလောကကြီးပင် တုန်ဟီးလို့သွား၏။ သစ်ခွပန်းလေး မှင်တက်လို့သွားလေသည်။ "အဲ့ဒါက... ဘာကြီးလဲ"

[(၁)ကျန့် = (၃.၃၃) မီတာ]

သူမစိတ်အာရုံထဲတွင် ချိသိအမျိုးသမီး၏အသံ ထွက်ပေါ်လာလေသည်။ "အဲ့ဒါမိစ္ဆာလောကသားတွေ သူတို့ရဲ့မိစ္ဆာတန်ခိုးတွေကိုစုစည်းပြီး ဖန်တီးထားတဲ့ ဘီလူးကြီးတစ်ကောင်ပဲ။ သူတို့တွေရက်တွေနဲ့ချီပြီး ဘာမှမလှုပ်ရှားခဲ့ကြတာ ဒီဟာလုပ်ဖို့အတွက် စီစဉ်နေခဲ့ကြတာကိုး"

"အဲ့ဒါကြီးက... ကိုင်တွယ်ရခက်မလား"

"မိစ္ဆာတန်ခိုးစွမ်းအားတွေကို စုစည်းပြီး ဖွဲ့စည်းထားတဲ့ ဘီလူးဆိုတော့ မိစ္ဆာတန်ခိုးအစွမ်းတွေ လွှင့်ပါးမသွားမချင်း သေမှာ မဟုတ်ဘူး။ သူတို့တွေ တစ်နေရာရာမှာ အစီအရင်မန္တန်တစ်ခုတော့ ဆွဲထားကြရမှာပဲ။ တုန်းဖန်းချင်းချန်းတစ်ယောက် အစီအရင်မန္တန်ကို ရှာလို့မတွေ့မချင်း ဒီဘီလူးကြီးကို နှိမ်နှင်းချေမှုန်းလို့ ရမှာ မဟုတ်ဘူး။ ဒါက သူတို့လုပ်နိုင်သမျှထဲ အကောင်းဆုံးနည်းလမ်းပဲ"

ဤသည်ကိုကြားသော် သစ်ခွပန်းလေးဟာ လက်သီးကို အလိုလိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

ဘီလူးကြီးက ၎င်းခြေထောက်များရွေ့လျားသွားလျက် တစ်လှမ်းချင်းလှမ်းနေသည်ကို သူမကြည့်နေမိ၏။ ဧကရာဇ်နန်းတော်ကြီးတုန်းကအတိုင်းပင် တလှမ်းလှမ်းလိုက်တိုင်း ပထဝီမြေထုကြီးက တုန်ခါလို့သွားသည်။ ဤမျှကြီးမားလှသည့်ခြေလှမ်းကျဲကြီးများနှင့်ဆိုလျှင် ဧကရာဇ်နန်းတော်သို့ရောက်လာရန် များများစားစားကြာလိမ့်မည်မဟုတ်တော့...

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now