အခန်း (၇၉) အခန္း (၇၉)

1.6K 317 46
                                    

[Unicode]

အစိမ်းရောင်မြက်ခင်းပြင်ကြီးဟာ မဆုံးနိုင်အောင်ကျယ်ပြောလှသည်။ ပုံရိပ်ယောင်ထောင်ချီအစီအရင်တွင် မိစ္ဆာဈေးပိုင်ရှင်ထားရစ်ခဲ့သည့် မှော်အစွမ်းများ မရှိတော့ဘဲ တစ်ခုလုံးကို တုန်းဖန်းချင်းချန်း၏တန်ခိုးအစွမ်းများဖြင့် ထောက်ပံ့ထားခြင်းဖြစ်နေလေပြီ။ တော်တော်လေးကြာမြင့်ခဲ့သည့်အချိန်ကတည်းက မီးတောက်များက ပုံရိပ်ယောင်အစီအရင်တစ်ခုလုံးကို နီရဲရဲမီးများအဖြစ် လောင်မြိုက်ထားပြီးဖြစ်သည်။ သို့သော် ပူပြင်းတောက်လောင်နေသည့် ပတ်ဝန်းကျင်အခြေအနေနှင့် ဆန့်ကျင်ဘက်ဆန်စွာပင် တုန်းဖန်းချင်းချန်းခန္ဓာကိုယ်ဆီမှ အအေးဓာတ်ဟာ ပိုမိုပြင်းထန်ဆိုးရွားလို့လာ၏။

သူရှူထုတ်လိုက်သည့်လေဟာ လေထုထဲတွင် ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်နေသော အဖြူရောင်နှင်းငွေ့များအဖြစ် အေးခဲလို့သွားကြသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ခြေရာနေရာတွင် ဆီးနှင်းများဖုံးကျန်ရစ်ခဲ့သည်။ သူဟာ တစ်လှမ်းချင်းလှမ်းသွားရင်းမှ နွေဦးပန်းများအပြည့်ဖြင့်အပြောကျယ်လှသောနေရာကြီးတွင် ဆီးနှင်းများနှင့် ရေခဲများအား အရာထင်ကျန်နေစေခဲ့၏။

အရှေ့သို့လျှောက်နေပါသော်လည်း မှေးမှိန်ဖျော့တော့နေသောသူ့အကြည့်များကို ကြည့်ရသည်မှာ အရိုးသစ်ခွကိုရှာဖွေမည့်မျှော်လင့်ချက်အား လက်လျော့လိုက်ပုံပင်။

ရုတ်တရက် ပုံရိပ်ယောင်မှာ တုန်ခါလို့လာသည်။ ပုံရိပ်ယောင်ကို အထောက်အပံ့ပေးထားသည့် မီးတောက်တစ်ခုမှာ ဗြုန်းစားကြီးငြိမ်းလို့သွား၏။ တုန်းဖန်းချင်းချန်းအနောက်ဘက်မှ ပုံရိပ်ယောင်မြင်ကွင်းဟာ တမဟုတ်ချင်း ပြိုလဲကျသွားကာ မည်သည်မျှ မရှိတော့သည့်အဖြစ်သို့ ပြောင်းသွားလေသည်။ တုန်းဖန်းချင်းချန်းကမူ လှည့်မကြည့်ချေ။ အကြောင်းမှာမူ ထိုပြိုကျသွားသည့်နေရာဟာ သူရှာဖွေထားခဲ့ပြီးပြီဖြစ်ကြောင်း သေချာသောကြောင့်ပင်။ သူက အရှေ့ဘက်သို့ဆက်တိုးသွားလိုက်သည်။ သူ့ပါးစပ်မှထွက်လာသော လေအေးများက ပိုမိုဆိုးရွားလို့လာကြသည်။ အချို့သောရေခဲစိုင်များဆိုလျှင် သူ့လည်ပင်းအထိတိုင် တွယ်တက်လာကြပြီဖြစ်လျက် သွေးစိမ့်ထွက်နေသော လည်ပင်းသွေးကြောများပုံပင် ပေါ်နေကြသေးသည်။ သို့ပါသော်လည်း တုန်းဖန်းချင်းချန်းဟာ ဆက်လျှောက်လှမ်းသွားဆဲပါ။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now