အခန်း (၂၉) အခန္း (၂၉)

1.3K 347 13
                                    

[Unicode]
 
မိစ္ဆာကြီးကိုကြည့်ရသည်မှာ ကိုယ်နှုတ်အမူအရာအားဖြင့် ရည်ရည်မွန်မွန်ဟန်မျိုးပြကာ အထက်စီးကဆက်ဆံနေသည်ဟု သစ်ခွပန်းလေး ခံစားရ၏။

သူတစ်ပါးဒုက္ခရောက်နေတာကို နှစ်ထောင်းအားရနေလိုက်ပုံများနော်။

သို့သော် ယခုအချိန်တွင် သစ်ခွပန်းလေးဟာ တုန်းဖန်းချင်းချန်းအပေါ် အမျက်ဒေါသမထွက်ဝံ့သေးချေ။ သူမက အတန်ကြာအောင် တုန်းဖန်းချင်းချန်းနောက်မှ တိတ်တိတ်လေးလိုက်လို့သွား၏။ ထို့နောက် သူ့အင်္ကျီလက်ကိုဆွဲလိုက်သည်။

တုန်းဖန်းချင်းချန်းက သူမကိုလှည့်ကြည့်လာသည်။ သစ်ခွပန်းလေးက သူ့အား တောက်တောက်ပပမျက်ဝန်းများနှင့် စိုက်ကြည့်လျက် “မိစ္ဆာကြီး၊ ကျွန်မရှင်နဲ့ ရက်တွေအများကြီးအတူတူရှိခဲ့ဖူးတော့ သိနေတယ်။ ရှင့်မျက်လုံးတွေက အခြားသူတွေထက် ပိုပြီးစိတ်ဓာတ်ပြတ်သားတဲ့ဟန်မျိုးနှင့် ကြည်ကြည်လင်လင်ရှိတယ်။ ဒဏ္ဍာရီတွေထဲကလောက် မဆိုးပါဘူး။ ရှင်က ရှင့်ရဲ့နူးညံ့သိမ်မွေ့မှုတွေကို ဘယ်သူမှမမြင်ရအောင် ရှင့်နုလုံးသားထဲမှာ သိမ်းထားတာ…”

“မင်းရူးသွားပြီလား။ ဘယ်နားကနေ ဒီလိုအတွေးမျိုးတွေ လျှောက်ရလာတာလဲ” တုန်းဖန်းချင်းချန်းက သစ်ခွပန်းလေး၏မုသာစကားများကို မညှာမတာထောက်ပြပေးလိုက်သည်။ “မင်းရဲ့အင်အားတွေကို ချွေတာပြီး ကျန်ရှိနေသေးတဲ့ရက်အနည်းငယ်ကို တန်ဖိုးထားချည်”

သစ်ခွပန်းလေး “…”

တုန်းဖန်းချင်းချန်းက ခြေထောက်ကိုကြွလျက် အရှေ့ဘက်သို့ဆက်တိုးလျှောက်သွားလိုက်သည်။ သစ်ခွပန်းလေးခမျာ သူ့ခြေသလုံးအား လှမ်းဖက်လုမတတ်ဖြစ်သွား၍ “မိစ္ဆာကြီး၊ ရှင်မကယ်ဘဲနဲ့ သေသွားတာကို ဒီတိုင်းကြည့်နေလို့မရဘူးနော်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အကြိမ်ပေါင်းမြောက်မြားစွာ အသက်အန္တရာယ်ကိုအတူတူရင်ဆိုင်ခဲ့ကြရပြီးပြီလေ။ ကျွန်မတို့ကြားမှာ အခက်အခဲတွေကို အတူတူဝေမျှခံစားခဲ့ကြရတဲ့ ခင်မင်ရင်းနှီးမှုတစ်ခုလည်း ရှိနေပြီလို့”

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now