အခန်း (၂၅) အခန္း (၂၅)

1.4K 337 33
                                    

[Unicode]

တောအုပ်ဟာ လုံးဝတိတ်ဆိတ်ငြိမ်သက်လို့နေသည်။

တောဝက်ဘုရင်က တုန်းဖန်းချင်းချန်း၏မျက်လုံးများထဲ လှမ်းကြည့်လျက် တံတွေးမျိုချလိုက်သည်။ သူဟာ ဤပုဂ္ဂိုလ်၏မိစ္ဆာစွမ်းအားအဆင့်ကို အာရုံခံစားကြည့်လို့မရချေ။ ဘေးပတ်ပတ်လည်ရှိ စွမ်းအင်များ လှုပ်ရှားနေသည်မျိုးကိုပင် သတိမပြုမိချေ။ သို့သော် အကြည့်တစ်ချက်တည်းနှင့် သူ့အား အေးစက်သွားစေခဲ့၏။

နောက်လိုက်လေးက သူ၏အမွေးထူထူခြေထောက်ကြီးကို လှမ်းဆွဲလိုက်ကာ “အ…အရှင်မင်းကြီး၊ အရင်ဆုံး လစ်ကြရအောင်…”

တောဝက်ဘုရင်က သူ့ပခုံးပေါ်ရှိအမျိုးသမီး၏ ခါးသိမ်သိမ်လေးနှင့် တင်ပါးလုံးလုံးလေးကို ပွတ်လိုက်၏။ သူ့မိန်းမလှလေးက သူ့သတ္တိများကို ပိုတိုးလာစေသည်။ သူက သစ်ခွပန်းလေးအား မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ ထို့နောက် နောက်လိုက်လေးကို သစ်ခွပန်းလေး၏လက်အား ကိုင်ထားရန် အမိန့်ပေးလျက် “သူမကို စောင့်ကြည့်ထားလိုက်ချည်”

တောဝက်ဘုရင်က သူ့လက်ထဲသို့ တံတွေး(၂)ဗျစ်ထွေးထည့်လျက် လက်အား ပွတ်သပ်လိုက်သည်။ ထို့နောက် သူ့ခါးမှ ကြီးကြီးကားကားတောခုတ်ဓားအား ဝှေ့ယမ်းလျက် ဟန်ရေးပြလိုက်ကာ အော်ပြောလေတော့သည်။ “မင်းဘာသာ ဘယ်တောင်ကပဲ လာခဲ့၊ လာခဲ့၊ ဒီနေ့တော့ ဒီအမျိုးသမီးကို ငါယူသွားရလိမ့်မယ်”

တောဝက်မိစ္ဆာကြီးလက်မှ လွှတ်လာခဲ့ပြီးနောက် သစ်ခွပန်းလေးဟာ အော်ဟစ်ငိုယိုနေခြင်းမှ ရပ်လိုက်သည်။ သူမက မျက်ရည်သုတ်ကာ တုန်းဖန်းချင်းချန်းအား အော်ပြောလေ၏။ “သူ့ကို တီးပစ်လိုက်ချည်။ မိစ္ဆာကြီး၊ ရှင်သူ့ကို တီးပစ်လိုက်စမ်းပါရှင်”

ဤအချိန်တွင် တောဝက်မိစ္ဆာက တုန်းဖန်းချင်းချန်းအား အာရုံစူးစိုက်စွာဖြင့်ကြည့်လို့နေလျက် သစ်ခွပန်းလေး၏အသံအား အရေးစိုက်မနေချေ။ ရုတ်တရက်ကြီး၊ ထိုအနက်ရောင်ဝတ်စုံဝတ်အမျိုးသားက ရွေ့လို့သွား၏။ တောဝက်မိစ္ဆာက သူ့ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် တုန်းဖန်းချင်းချန်းဘက်မှ ဦးစွာလှုပ်ရှားလာသည်ကို စောင့်လို့နေသည်။
သို့သော်…

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now