အခန်း (၃၁) အခန္း (၃၁)

1.3K 307 6
                                    


[Unicode]

ရေကြီးလို့ပြီးသွားသည့်နောက် အရိုးသစ်ခွဟာ တဖြည်းဖြည်းချင်း နွယ်ရိုးခြောက်များကို ပြန်ရုတ်လို့သွား၍ ပျောက်သွားကြတော့သည်။ ထိုအရာက သူ့ဘယ်ဘက်လက်ပေါ်မှ လက်ကောက်တစ်ခုပြန်ဖြစ်သွားလျက် တမဟုတ်ချင်း အစွမ်းထက်လှသည့်တန်ခိုးများ ပွင့်အာထွက်လာတတ်ကြောင်း မမြင်နိုင်တော့ချေ။

တုန်းဖန်းချင်းချန်း၏ခြေထောက်များ မြေပြင်ပေါ်ပြန်ကျလို့သွားသည့်အခါ သစ်ခွပန်းလေးဆီမှ အလန့်တကြားအော်သံကို ကြားလိုက်ရ၏။ သူမက ရုတ်တရက်ကြီး သူ့လက်မောင်းများပေါ်လှမ်းခိုလျက် သူခြေထောက်များပေါ် သူမခြေဖနောင့်ဖြင့် နင်းလိုက်သည်။ ထို့နောက် သူမအား အဝေးသို့ပစ်ပေါက်လိုက်မှာ စိုးရိမ်နေသည့်အလား သူ့ခါးကို လာဖက်ထားလိုက်တော့သည်။

စောစောပိုင်းက သူမဟာ သူ့ကျောပေါ်သို့ ခုန်တက်ခဲ့သည်။ ယခုမူ သူမဟာ သူ့ရှေ့သို့ တစ်ခါတည်းပင် ခုန်ဝင်ဝံ့လိုက်သေး၏။ ဤကဲ့သို့မျောက်နှင့်တူသော ပန်းမိစ္ဆာလေးဟာ သူ သူမအား မည်သို့မျှမလုပ်လောက်ဟု အမှန်ပင် တွေးနေပါသလော။ တုန်းဖန်းချင်းချန်းက သစ်ခွပန်းလေး၏မျက်နှာနှင့် သူမနှုတ်ခမ်းကို ပုံပျက်ပန်းပျက်ဖြစ်သွားအောင် လက်တစ်ဘက်ဖြင့် ဖျစ်ညှစ်ပစ်လိုက်သည်။ သူမက နာနာကျင်ကျင်အော်လျက် သူ့အား မျက်ရည်အဝဲသားဖြင့်ကြည့်လာသည်။

တုန်းဖန်းချင်းချန်းက သူ့မျက်လုံးများကိုမှေးစင်းလျက် "မင်းကတော့ ဒီအအရှင်အပေါ် ပိုပိုပြီးအတင့်ရဲလာတာပဲ"

"မစ်...ဆာ... ကြီး... ရေတွေ..."

တုန်းဖန်းချင်းချန်းက မြေပြင်ပေါ်တစ်ချက်ကြည့်ကြည့်လိုက်သည်။ ရေထုကြီးဖြတ်သန်းစီးဆင်းသွားပြီးသည့်နောက် ချိုင့်ခွက်များထဲ ရေပေါင်းမြောက်မြားစွာ တင်ကျန်ရစ်ခဲ့တော့သည်။ သစ်ခွပန်းလေးက ခေါင်းကိုခါထုတ်လျက် တုန်းဖန်းချင်းချန်းလက်များအား ပြေလျော့သွားအောင်လုပ်လိုက်သည်။ "ရှင်ကျွန်မကို ဒီလမ်းကနေအရင်ချီသွားလိုက်ချည်။ ပြီးသွားရင် ဆင်းပြီး ကျွန်မဘာသာလျှောက်လိုက်မယ်"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now