အခန်း (၁၉) အခန္း (၁၉)

1.5K 311 10
                                    

[Unicode]


မိစ္ဆာလောကရှိ မှောင်မိုက်နေသောအခန်းထဲတွင် ရှန်းချွင့်က အိပ်ရာဘေး၌မတ်တပ်ရပ်လျက် စကားဆိုနေသည်။ "သူလျှိုဆီကနေ စာတစ်စောင်လှမ်းပို့လာတယ်။ တနေ့က မိစ္ဆာဧကရာဇ် ခွင်းလွမ်တောင်က မိစ္ဆာဈေးမှာတဲ့"

အိပ်ရာပေါ်တွင် ဆေးသောက်နေသည့်ပုဂ္ဂိုလ်က ခပ်ယောင်ယောင်လေး တန့်သွားပြီးမှ "မိစ္ဆာဧကရာဇ်က ခွင်းလွမ်တောင်က မိစ္ဆာဈေးသွားတာလား" စကားဆိုနေသည့်သူမှာ အမျိုးသားတစ်ဦးဖြစ်သော်လည်း အသံက ကြားရသူတစ်ယောက်အတွက် ထူးဆန်းလှသည့်ညှို့ဓာတ်တစ်မျိုးအား ခံစားရစေသည်။ "သူက အဲ့ဒီကို ဘာလို့သွားရတာလဲ"

"ဖန်သားမြို့တော်ကို သွားတာပါ။ လက်နက်တွေ၊ ဘာတွေ သွားဝယ်တာဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ ထူးဆန်းတာတစ်ခုတော့ရှိတယ်" ရှန်းချွင့်က မျက်မှောင်ကုတ်လိုက်ကာ "သူလျှိုဘက်ကပြောတာတော့ သူဖန်သားမြို့တော်ထဲမသွားခင်က ဓားတစ်ချောင်း ချိတ်ဆွဲထားသေးတယ်တဲ့။ နောက်တော့ကျ ဖန်သားမြို့တော်ထဲရောက်ပြီးတဲ့နောက် မိစ္ဆာဧကရာဇ်ရဲ့ပြောဆို၊ပြုမှုပုံတွေက... နည်းနည်းမသင်္ကာစရာကောင်းတယ်တဲ့"

"အမ်၊ ဘယ်လို မသင်္ကာစရာမျိုးလဲ"

"သူ့ကို... ကြည့်ရတာ ရှင်မြီးအတွင်းခံတို့၊ အမျိုးသမီးရင်သားကြီးဆေးတို့ကို အရမ်းစိတ်ဝင်စားနေတဲ့ပုံပေါက်နေ..."

"..."

ရှန်းချွင့်က မျက်ခုံးကြားရှိနေရာကို ပွတ်လိုက်ကာ "ကုံချွင့်၊ အဲ့ဒါက တကယ်ပဲ ရှေးမိစ္ဆာဧကရာဇ်ဟုတ်ရဲ့လား။ ခင်ဗျားနိုးမလာသေးခင်ပိုင်းရက်တွေတုန်းကဆို မိစ္ဆာလောကထဲမှာလုပ်သွားတဲ့ သူ့အပြုအမူတွေက အရမ်းကို တမူထူးခြားနေတယ်။ တစ်နေ့လုံး သူ့ဘာသာတစ်ယောက်တည်း တိုးတိုးတိုးတိုးနဲ့ တတွတ်တွတ်ပြောနေတာ။ ပြီးတော့... ယောင်္ကျားဆန်ဆန် သန်သန်မာမာပုံပန်းသွင်ပြင်မျိုးကိုလည်း သဘောကျနေသေး..."

"ရှေးမိစ္ဆာဧကရာဇ်က မိစ္ဆာဆန်ဆန်သဘောသဘာဝတွေ နည်းနည်းပါးပါးတော့ မရှိဘဲမနေဘူး၊ ရှိမှာပဲ။ ဒါတွေအားလုံးက အရေးပါတဲ့ကိစ္စတွေပဲ။ ဒီလိုဆိုပေမဲ့လည်း..." ကုံချွင့်က ဆေးပန်းကန်ကို အောက်ချလိုက်ကာ မျက်လုံးများ အေးစက်လို့လာသည်။ "ဟောင့်ထျန်းဘုံနန်းမြင့်၊ ခွင်းလွမ်တောင်၊ သူက လူသားအမျိုးသမီးတစ်ယောက်ကိုလည်း ရှာချင်သေးတယ်"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now