အခန်း (၅၄) အခန္း (၅၄)

1.3K 345 43
                                    

[Unicode]

သစ်ခွပန်းလေးဟာ ရေချိုးသန့်စင်ပြီးနောက် အိပ်ရာပေါ်လှဲလိုက်သည်။

အိပ်ရာကြီးက သန့်ရှင်း၊ သပ်ရပ်လို့နေသည်။ ယခင်ရက်များက သူမအိပ်စက်ခဲ့ရသော လူသူကင်းမဲ့လှသည့် သန္တာကျောက်တန်းကျွန်းထက်တော့ သာပါသည်။ သို့ပါသော်လည်း ဤနေရာရှိ အားလုံးကို တုန်းဖန်းချင်းချန်း၏တန်ခိုးအစွမ်းများစုစည်းလျက် ဖန်တီးထားခြင်းဖြစ်ကြောင်း တွေးမိသွားသည့်အခါ စိတ်ထဲ သက်တောင့်သက်သာမဖြစ်တော့ချေ။

အိပ်ရာပေါ်တွင်လှဲနေရခြင်းမှာလည်း တုန်းဖန်းချင်းချန်း၏မျက်စိအောက် နေနေရခြင်းနှင့် သွားတူလို့နေ၏။

သို့သော် နောက်ဆုံးတွင်မူ ငိုက်မျည်းလာကာ အိပ်ရာပေါ်ကြာကြာမလူးလိမ့်လိုက်ရဘဲ သစ်ခွပန်းလေးတစ်ယောက် အမှန်ပင် အိပ်ပျော်လို့သွားတော့သည်။

သူမ အိပ်မက်မက်သည့်အခြေအနေသို့ ရောက်နေမည်ကြံကာရှိသေး၊ သူမလက်ပေါ်ရှိ အရိုးသစ်ခွက အသာလေး ထိုးဆိတ်လိုက်သည့်ပုံမျိုးပင်။ ထိုသို့ဆိုပါသော်လည်း သူမခမျာ အလွန်အိပ်ငိုက်နေပြီဖြစ်သဖြင့် အလုပ်ရှုပ်ခံ၍မျက်စိဖွင့်ကြည့်မနေတော့ဘဲ အိပ်မောကျသွားတော့သည်။

သစ်ခွပန်းလေး အိပ်မက်မမက်ရသေးမီ သူမစိတ်ထဲ ရုတ်တရက်ကြီး ထူးထူးဆန်းဆန်းအတွေးတစ်ခု ပေါ်လာသည်။

မည်သည့်အံ့အားသင့်ဖွယ်ရာကိစ္စရပ်မျိုးမှမရှိလျှင် သူမဟာ ချိသိအမျိုးသမီးကို မြင်တွေ့ကောင်း၊ မြင်တွေ့ရမည် မဟုတ်ပါလော။

သို့သော် ထိုညတွင် သူမဟာ စိတ်ကူးထားသကဲ့သို့ ချိသိအမျိုးသမီးကို မမြင်တွေ့ခဲ့ရပါ။

ယခုလက်ရှိတွင် သူမဟာ ဝရုန်းသုန်းဖြစ်နေသော အမှောင်ထုကြီးထဲရောက်ရှိလို့နေသည်။ ရံဖန်ရံခါတွင် အက်ရှရှအမျိုးသမီးအသံကြီးက ကူကယ်ရာမဲ့စွာဖြင့် အော်ခေါ်နေသံအား ကြားရသည်။ "အားဟောင့်အားဟောင့်" ရံဖန်ရံခါတွင် အဝေးတစ်နေရာဆီမှ တစ်စုံတစ်ယောက်က "ကျွန်မ ဒီခန္ဓာကိုယ်ကို စွန့်ခွာပြီး ပြန်ဝင်စားခြင်းသံသရာစက်ဝန်းထဲ ဆင်းသွားပါ့မယ်။ ပြီးတော့ အတောမသတ်နိုင်တော့တဲ့ဘဝတွေထဲ လောကဓံဒုက္ခတွေကို သွားခံစားပါ့မယ်..." ဟု ပြောနေသည်ကို ကြားရ၏။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now