အခန်း (၇၂) အခန္း (၇၂)

1.5K 323 34
                                    

[Unicode]

တုန်းဖန်းချင်းချန်းနှင့် သစ်ခွပန်းလေးတို့ဟာ ထိုနေရာတွင် (၃)ရက်နားဖြစ်ခဲ့ကြသည်။ နောက်တစ်နေ့ညနေပိုင်းသို့ရောက်လာသည့်အခါ သစ်ခွပန်းလေးက အစားအသောက်အတွက် သစ်သီး၊ သစ်ဖုများကောက်ရန် တောအုပ်ထဲသို့ထွက်သွားခဲ့သည်။

အမှန်ဆိုလျှင် သူမ၏လက်ရှိခန္ဓာကိုယ်ဟာ အစားအစာမလိုအပ်ချေ။ သို့သော် သူမအနေဖြင့် အများသူငှါတို့ ယခုအချိန်တွင်လုပ်နေသင့်သည့်အရာမျိုးကို သူမလည်း လုပ်သင့်သည်ဟု သစ်ခွပန်းလေးစိတ်ထဲ အမြဲခံစားနေရပါသည်။ ထိုသို့မဟုတ်ပါက အသက်ရှင်နေသေးသည်ဟူသော အချက်အလက်နှင့်ပတ်သက်သည့် ခံစားချက်မျိုး အမှန်ပင် မခံစားရဘဲနေပေလိမ့်မည်။

သူမမြစ်ကမ်းဆီရောက်လာသည့်အခါ ရေ(၂)ငုံမျှသောက်လိုက်လေသည်။ ထိုအချိန်တွင် နေက တဖြည်းဖြည်းဝင်စပြုနေလေပြီ။ သစ်ခွပန်းလေး ခေါင်းပြန်ထောင်လိုက်ချိန်၌ အခြားအနက်ရောင်အရိပ်တစ်ခု မြစ်တစ်ဘက်ကမ်းသို့ ခုန်ကူးသွားကြောင်း မြင်လိုက်မိသယောင်ယောင်ပင်။ သို့သော် သစ်ခွပန်းလေးက သေသေချာချာမကြည့်လိုက်ရသဖြင့် တိရိစ္ဆာန်တစ်ကောင်ကောင်ဖြစ်လိမ့်မည်ဟုသာ ခန့်မှန်းလိုက်တော့သည်။

ဤနေရာတွင် (၂)ရက်မျှနေခဲ့ပြီးသည့်နောက် နောက်ဆုံးတွင် တောအုပ်ထဲ၌ သက်ရှိတစ်ကောင်ကို မြင်တွေ့ခဲ့ရလေပြီ။ သစ်ခွပန်းလေး ခေါင်းကိုပြန်လှည့်လိုက်ပြီးသည့်နောက်တွင် သူမဟာ ထိုကိစ္စအား မေ့လျော့သွားတော့သည်။

တတိယမြောက်နေ့ မွန်းတည့်အချိန်တွင် တုန်းဖန်းချင်းချန်း၏ခန္ဓာကိုယ်ဟာ ထုံးစံအထိုင်း ရေခဲစိုင်များနှင့် တဖြည်းဖြည်းဖုံးလို့လာသည်။ သစ်ခွပန်းလေးဟာ သူ့ခန္ဓာကိုယ်ဘေးပတ်ပတ်လည်တစ်ခုလုံးတွင် ကြိုတင်၍မီးမွှေးထားခဲ့ပြီးပါပြီ။

တုန်းဖန်းချင်းချန်းခန္ဓာကိုယ်အား အနွေးဓာတ်ရလာစေရန်တော့မဟုတ်ပါ။ (၃)ရက်ရှိလာခဲ့ပြီးသည့်နောက် မီးများမည်မျှမွှေးပေးထားခဲ့ပါစေဦးတော့ တုန်းဖန်းချင်းချန်းဟာ အေးခဲသွားမည်သာဖြစ်ကြောင်း သစ်ခွပန်းလေး သဘောပေါက်ခဲ့လေပြီ။ သူမ သူ့ဘေးပတ်ပတ်လည်တွင် မီးမွှေးရသည့်အကြောင်းအရင်းမှာ သူ့ခန္ဓာကိုယ်ထဲမှထွက်လာမည့် အအေးဓာတ်အား အဟန့်ဖြစ်နေစေရန်သာ ရည်ရွယ်ပါ၏။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now