အခန်း (၃၃) အခန္း (၃၃)

1.3K 298 13
                                    

[Unicode]

တုန်းဖန်းချင်းချန်းဘက်က နည်းနည်းရွေ့လျားလို့သွား၏။

သစ်ခွပန်းလေးစိတ်ထဲ ထူးဆန်းနေသကဲ့သို့ခံစားရသည်။ တုန်းဖန်းချင်းချန်းတွင် မည်သည့်တန်ခိုးစွမ်းအင်မျိုးမှ မရှိဘဲဖြစ်နေပါလျက် ဤအစီအရင်ထဲ မည်သို့များ ပျံသန်းနေနိုင်ရပါသနည်း။ သူမခေါင်းကိုလှည့်၍ သူ့အနောက်ဘက်သို့ကြည့်လိုက်သည့်အခါ အရိုးသစ်ခွဟာ သူ့နောက်ကျောတွင် ကြီးမားလှသည့်အတောင်ပံတစ်စုံ ဖန်တီးပေးလို့ထားကြောင်း တွေ့မြင်လိုက်ရသည်။ သူတို့ဟာ အတောင်များတဖျပ်ဖျပ်ခတ်လျက် အရှေ့ဘက်သို့ ပျံသန်းသွားနေကြလေသည်။

သစ်ခွပန်းလေးက အံ့အားသင့်လို့နေလျက် "ပြောတော့ ဒါက ခုခံကာကွယ်ပေးတဲ့ပစ္စည်းတစ်ခုသက်သက်ပဲဆို"

"အရိုးသစ်ခွက ဇီဝိန်ခြွေစွမ်းအင်တွေကိုစားသုံးပြီး ရှင်သန်ကြီးထွားတတ်တဲ့ဟာ။ ဒီက နေရာတိုင်းမှာ အဲ့ဒီစွမ်းအင်တွေချည်းရှိနေတော့ ဒီအရှင်အနေနဲ့ အဲ့ဒီဟာကို စိတ်တိုင်းကျသုံးလို့ရသွားတာ" တုန်းဖန်းချင်းချန်း၏လေသံက ပုံမှန်အနေအထားမျိုးဖြစ်နေပါသော်လည်း သူ့လေသံထဲတွင် တောင့်တင်းတင်းဟန်လေး နည်းနည်းသန်းနေကြောင်း သစ်ခွပန်းလေး အသေအချာကြီးကို သတိထားမိနေပါသည်။

သူမကမော့လျက် တုန်းဖန်းချင်းချန်း၏မေးစေ့ချွန်ချွန်ကိုကြည့်ကာ မေးလိုက်သည်။ "မိစ္ဆာကြီး၊ အစီအရင်ထဲက ဒီအဖြစ်အပျက်မြင်ကွင်းက ရှင်နဲ့တစ်ခုခုပတ်သတ်နေတာလား"

ဤအစီအရင်ထဲတွင် သူမနှင့်တုန်းဖန်းချင်းချန်းတို့နှစ်ယောက်တည်းသာရှိကြလေသည်။ ဤရှေးခေတ်ကာလက ဖြစ်စဉ်မြင်ကွင်းများနှင့်ပတ်သက်၍ သစ်ခွပန်းလေးဟာ ကြားသာကြားခဲ့ဖူးလျက် မမြင်တွေ့ခဲ့ဖူးပါ။ ယခုမူ သူတို့ရှေ့ရှိမြင်ကွင်းကား မနေ့တနေ့ကမှ ဖြစ်ပွားခဲ့သည့်အလား ကွက်ကွက်ကွင်းကွင်း၊ ထင်ထင်ရှားရှားကြီးဖြစ်လို့နေပါ၏။ တုန်းဖန်းချင်းချန်း၏နှလုံးအိမ်ထဲတွင် တွဲလွဲခိုလို့နေသည့်မှတ်ဉာဏ်များကို အစီအရင်က ပြန်ခေါ်ထုတ်ပစ်လိုက်ခြင်းမှလွဲ၍ အခြားမည်သည့်အကြောင်းပြချက်မျိုးမှ မဖြစ်နိုင်လောက်ချေ။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now