အခန်း (၄၂) အခန္း (၄၂)

1.3K 319 55
                                    

[Unicode]

မိုးဖွဲလေးများက ဆက်လက်ရွာသွန်းလို့နေကြဆဲပင်။

သစ်ခွပန်းလေးတစ်ယောက် မြေပြင်ပေါ်မှ ကုန်းရုန်းထလာသည့်အခါ တုန်းဖန်းချင်းချန်းက သူမနှင့်အဝေးကြီးသို့ လျှောက်သွားနှင့်ပြီးလေပြီ။ သူမက ဒယိမ်းဒယိုင်ဖြင့် အရှေ့သို့ဆက်လိုက်သွားသည်။ ထိုးထောင်ထောင်ထွက်နေကြသော ကျောက်တုံးများကြောင့် ချော်လဲမကျရလေအောင် သူမခြေထောက်အောက်ရှိလမ်းပေါ်တွင်သာ အာရုံစိုက်ထားလိုက်တော့သည်။

သို့သော် ခြေလှမ်းအနည်းငယ်မျှလျှောက်သွားပြီးသည့်နောက် သူမဆီသို့လာနေသောခြေသံများကို ကြားလိုက်ရလေသည်။ မော့ကြည့်လိုက်ချိန်တွင် တုန်းဖန်းချင်းချန်းတစ်ယောက်ပြန်လှည့်လာလျက် သူ့လက်ကို ဆန့်ပေးထား၏။

သစ်ခွပန်းလေးက သူ့အား ကြောင်ငေးငေးကြီးလှမ်းကြည့်လို့နေပြီးမှ သဘောပေါက်သွားကာ "ဒါတော့ မရဘူးရှင်။ ကျွန်မဘာသာကျွန်မတောင် ဒီလောက်ထိဖြစ်နေတာကို ရှင်က ကျွန်မကူတွဲပေးတာလိုချင်နေတုန်းပဲလား"

တုန်းဖန်းချင်းချန်း၏လက်ဟာ လေထဲ၌ဆန့်တန်းလို့ထားထားဆဲပင်။ သူက မျက်စိကိုမှေးစင်းလိုက်လျက် သိမ်မွေ့နက်နဲသည့်မျက်နှာအမူအရာမျိုးဖြင့် "ဒီအရှင်က မင်းလာတွဲပေးတာလိုချင်နေပါတယ်လို့ ဘယ်သူပြောလဲ" စကားဆုံးသွားသည်နှင့် သူဟာ တုံ့ဆိုင်းမနေနိုင်တော့ဘဲ သစ်ခွပန်းလေးကို လက်မှလှမ်းဆွဲလျက် သူ့ရှေ့သို့ဆွဲခေါ်လိုက်တော့သည်။

သစ်ခွပန်းလေး ကြောင်ငေးငေးဖြစ်လို့သွားမိသည်။ သူမခါးအား တုန်းဖန်းချင်းချန်း၏လက်မှ လာသိုင်းလိုက်လျက် သူ့လက်ဝါးများက သူမခါးပေါ်တင်လို့ထားကြောင်းသာ ခံစားသိရှိလိုက်သေးသည်။ ထို့နောက်တွင်မူ သူ့လက်ဟာ ပိုအားပါလို့လာတော့သည်...

သူမခမျာ ကောက်၍ အထမ်းခံလိုက်ရခြင်းပင်။

"တုန်းဖန်းချင်းချန်း" သူမက အလန့်တကြားအော်လိုက်လေသည်။ "နာတယ်ရှင့်။ ရှင့်ပခုံးတွေက ကျွန်မဗိုက်အောင့်နေအောင် ဖိထားတယ်လို့"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now