အခန်း(၈) အခန္း(၈)

2.6K 451 76
                                    

[Unicode]

ရှေးပဝေသဏီကာလကတည်းက အနက်ရောင်ရေဆိုးများစီးဆင်းနေသည့် ကျိုယုံးဟာ ဝေးလံခေါင်သီလျက် မည်သည်မျှမဖြစ်ထွန်းသော စွန့်ပစ်နယ်မြေတစ်ခုဖြစ်ခဲ့သည်။ တုန်းဖန်းချင်းချန်းဟာ ချိသိအမျိုးသမီးဆီမှ ချေမှုန်းခံလိုက်ပြီးသည့်နောက် နလန်ပြန်ထူရန် ကျိုယုံးတွင် ခဏတဖြုတ်နေနေခဲ့သေးသည်။ သို့သော် နောက်ဆုံးတွင်မူ သူ့ခမျာ ဒဏ်ရာပြန်ကောင်းလာချိန်ထိပင် မစောင့်ဆိုင်းလိုက်ရဘဲ သူသတိပေါ့သွားချိန် နတ်များနှင့် ဘုရားအလောင်းတော် နတ်ဘုန်းတော်ကြီးများ ရောက်ရှိလာလျက် ကွပ်မျက်ခဲ့ကြသည်။

ထိုနောက်ပိုင်းမှစ၍ မိစ္ဆာမျိုးနွယ်စုများအားလုံး ကျိုယုံးကန္တာရနယ်မြေသို့ မောင်းထုတ်ခံလိုက်ရသည်။ နတ်ပြည်က ဤနေရာတွင် ချိတ်ပိတ်မှုစည်းတစ်မျိုး စီရင်လျက် ကျိုယုံးကို လူ့လောကထဲမှ သီးခြားခွဲထုတ်ထားလိုက်သည်။

လမ်းတစ်လျှောက်တွင် မုတ်ဆိတ်ဖြူအဘိုးအိုဟာ ဘေးတစောင်းငဲ့ကြည့်လျက် အားနှင့်မာန်နှင့်စကားဆိုလာခဲ့ပြီးနောက် တုန်းဖန်းချင်းချန်းအား မေးလာခဲ့သည်။ နတ်ပြည်မှ စီရင်ထားခဲ့သည့် ချိပ်ပိတ်မှုစည်းကြီးကိုလည်း (၃)လောကချိပ်ပိတ်မှုစည်းပေါ်တွင် အပေါက်တစ်ပေါက်ဖောက်ပစ်ခဲ့သည့်ပုံမျိုး ဖျက်ဆီးပစ်လိုက်နိုင်မည်လော ဟုပင်။ ထိုအရာအား ခဏတာအတွင်း နည်းနည်းချင်းစီခွဲပစ်ခြင်းမျိုး မဟုတ်ဘဲ အကုန်လုံး တစ်ခါတည်း ဖျက်ဆီးပစ်လိုက်ရန်ကို ဆိုလိုခြင်းဖြစ်သည်။

တုန်းဖန်းချင်းချန်း၏ခန္ဓာကိုယ်ထဲတွင်ရောက်နေသည့် သစ်ခွပန်းလေးဟာ ဤသည်ကိုကြားသော် ဗြုန်းစားကြီးထခုန်လျက် ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။ "ဘယ်နှယ့် အဲ့ဒီလိုလုပ်လို့ဖြစ်မှာလဲ"

မုတ်ဆိတ်ဖြူအဘိုးအိုခမျာ မျက်နှာရှေ့တည့်တည့်ကောက်အော်ခံလိုက်ရသဖြင့် ကြက်သေသေလို့သွားစဉ် ထိုသို့ပြောလိုက်ပြီးနောက် မိစ္ဆာဧကရာဇ်အရှင်ဟာ သူ့လက်ကိုသုံးလျက် ပါးစပ်အား ခပ်တင်းတင်းအုပ်ထားလိုက်ကြောင်း အံ့အားသင့်ဖွယ်မြင်တွေ့လိုက်ရလေသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now