အခန်း (၁၀) အခန္း (၁၀)

2.2K 411 73
                                    

[Unicode]

အခိုးအငွေ့တထောင်းထောင်းထနေ့သည့်ရှေ့ အချိန်အတော်ကြာအောင်ထိုင်နေခဲ့ပြီးသည့်နောက် သစ်ခွပန်းလေးဟာ ငြိမ်ငြိမ်လေးဆက်မနေနိုင်တော့ချေ။ ရေများက တလက်လက်ဂယက်ထလို့နေသဖြင့် ရေအောက်ထဲသို့ သူမလှမ်းမမြင်ရပါ။ သစ်ခွပန်းလေးက ပျင်းပျင်းရှိလာသောကြောင့် ရေများနှင့်စတင်ဆော့လေတော့သည်။

သူမက လက်ညှိုးဖြင့် ရေကို ခပ်ဖွဖွလေးတောက်လျက် တုန်းဖန်းချင်းချန်း၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ကို အသုံးချရန်ကြိုးစားလိုက်၏။ သူမလက်ချောင်းထဲမှ ငါးတစ်ကောင်ထွက်လာကာ ဖြတ်ကူးသွားသကဲ့သို့ ချက်ချင်းပင် ရေကန်ထဲသို့ စွမ်းအင်လှိုင်းတစ်ခုဖြတ်စီးလျက် ရေအားထပ်ခြမ်းခွဲ၍ မျက်နှာပြင်ပေါ် မျဉ်းကြောင်းတစ်ခုဆွဲပြီးသားဖြစ်သွားသည်။

သစ်ခွပန်း​လေးမှာ အလွန်အံ့အားသင့်လို့သွားရသည်။ သူမ၏ယခင်ခန္ဓာကိုယ်ဟာ ဤမျှလောက် သန်မာအားကြီးမှုမရှိခဲ့ပါ။ လက်ချောင်းလေးတစ်ချောင်းလှုပ်ရုံမျှ သုံးလိုက်သည့်စွမ်းအင်က ရေပြင်ကို ယခုကဲ့သို့ ထပ်ခြမ်းကွဲသွားစေခဲ့သည်။

တုန်းဖန်းချင်းချန်းက ညာဘက်မျက်လုံးကိုဖွင့်လျက် တစ်ချက်ကြည့်လာသည်။ ထို့နောက် မည်သည်ကိုမျှမမြင်တွေ့လိုက်သကဲ့သို့ သူ့မျက်လုံးအား ပြန်မှိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိစွမ်းအင်ကို သစ်ခွပန်းလေး အသုံးချနေခြင်းအပေါ် မကျေမချမ်းဖြစ်လှချည်ရဲ့ မရှိပါ။ မည်သို့ပင်ဆိုစေကာမူ သူမဟာ ထိုစွမ်းအင်ကို သုံးလျက် အေးအေးဆေးဆေးလေး ဆော့နေခြင်းဖြစ်ပါသည်။ ထိုအရာက သူ့ပါးစပ်ကိုသုံးလျက် ပွစိပွစိငြင်းခုံနေခြင်းထက်တော့ ပိုစိတ်အေးလက်အေးရှိသေး၏...

"အရမ်းအကြီးကြီးမလုပ်..."

စကားမဆုံးသေးမီ သစ်ခွပန်းလေးက လက်ကိုမြှောက်၍ 'ရွှတ်' ခနဲ တစ်ချက်လုပ်လိုက်ပြီးနေပြီဖြစ်ကာ စွမ်းအင်က ထွက်သွား၍ ရေထုကို ထပ်ခြမ်းခွဲပစ်လိုက်သည်။ ထိုစွမ်းအင်က (၂)ကျန့်[(၆.၆၆မီတာ)]မျှ ဝေးကွာသည့်နေရာတွင်ရှိသော နံရံပေါ်သို့ အပေါက်ကြီးတစ်ပေါက်ဖြစ်သွားစေသည်။ ထိုအချိန်တွင် ဝင်လာသော လေက ရေပေါ်ရှိအငွေ့များကို လွှင့်သွားစေလျက် ရေထဲရှိ တုန်းဖန်းချင်းချင်း၏ခန္ဓာကိုယ်အား ရုတ်ခြည်းလှစ်ဟာသွားစေတော့သည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now