အခန်း (၄၆) အခန္း (၄၆)

1.2K 339 57
                                    

[Unicode]

တုန်းဖန်းချင်းချန်း၏မျက်လုံးများက အခန်းပတ်ပတ်လည်ဝှေ့ဝိုက်ဖြတ်သန်းလို့သွားသည်။ အမျိုးသားအားလုံးဟာ သူတို့ဓားများကို အတုန်တုန်အယင်ယင်ကြီး ကာကွယ်ထားလိုက်ကြ၏။ ထို့နောက်တွင်မူ သူတို့ဟာ သူတို့အတွေးများကို စတင်ပြောဆိုကြတော့သည်။ "အရှင်၊ မိန်းမငယ်လေးတစ်ယောက်က ဓားတွေ၊ လှံတွေနဲ့ လျှောက်တိုက်ခိုက်ဖို့ သင့်တင့်လျောက်ပတ်မှုရှိတယ်လို့ ကျွန်တော်တော့မထင်မိဘူး။ သူမကို ကြာပွတ်တစ်ချောင်း ပေးလိုက်ရင်ရော"

ကြာပွတ်ပြုလုပ်သူက ချက်ချင်းပင် ပြန်ပက်လာသည်။ "ကြာပွတ်နဲ့ရိုက်ဖို့ သင်ရတာ အရမ်းခက်တဲ့ဟာကို။ ဒီမိန်းကလေးက သူမကိုယ်သူမပြန်ရိုက်မိသွားရင် ဘယ်နဲ့လုပ်မလဲ။ ဓားပျော့တစ်ချောင်းဝယ်လိုက်တာကမှ ပိုကောင်းဦးမယ်"

အသွားနှစ်ဘက်ပါဓားပျော့လုပ်သည့်သူက အလျင်အမြန်ပင် လက်ကိုဝှေ့ယမ်းလိုက်ကာ "ဘာဓားပျော့လဲ။ အသွားတွေက ဒီလောက်ထက်နေကြပြီး သူ့မှာ ဓားအိမ်တွေ၊ ဘာတွေဆိုတာလည်း မရှိဘူး။ ဒီမိန်းကလေးရဲ့ခါးက သေးသေးလေးနဲ့ဆိုတော့ သူမခါးမှာ နှစ်ပတ်လောက် ပတ်ထားရင်တောင် ချောင်နေဦးမှာပဲ။ အဲ့ဒီအခါ သူမရဲ့ကျောတွေ၊ ဘာတွေကို ရှမသွားလောက်ဘူးလား။ ဓားမြှောင်ပဲ ယူလိုက်ပါဗျာ"

ဓားမြှောင်အရောင်းသမားက အံ့အားသင့်တုန်လှုပ်လို့သွားကာ "ဓားမြှောင်က ဘာများလုပ်လို့ရမှာလဲ။ အရှည်ပိုလာလေလေ၊ ပိုအားကောင်းလေလေလို့ ပြောကြရိုးရှိတာပဲ။ မိန်းမငယ်လေးတစ်ယောက်က သူမခန္ဓာကိုယ်ပေါ် ဓားမြှောင်တစ်ချောင်းဆောင်ထားတယ်ဆိုတာ သူမဘက်ကနေ အဲ့ဒီဓားမြှောင်မထုတ်ရသေးခင် လူတိုင်းက သူမကို ဒဏ်ရာအနာတရဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားလိုက်သလိုတောင် ပြန်ဖြစ်သွားဦးမယ်။ ငါ့အထင်တော့ လက်နက်ပုန်းကမှ ကောင်းတာ"

ဤအဆိုပြုချက်ကိုမူ အားလုံးတညီတညွတ်တည်း သဘောတူပြီးသားဖြစ်သွားလေသည်။ အမှန်စင်စစ်တွင် ဤလက်နက်ဆိုင်ထဲ၌ မည်သည့်လက်နက်ပုန်းမှ ရှိမနေဘဲ အပြင်ဘက်တွင်သာရှိလေ၏...

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now