အခန်း (၆၂) အခန္း (၆၂)

1.4K 310 43
                                    

[Unicode]

သစ်ခွပန်းလေး၏စကားကိုကြားသော် တုန်းဖန်းချင်းချန်းက မျက်လုံးများမှေးစင်းလို့သွားသည်။

သို့သော် သစ်ခွပန်းလေးကမူ အကြည့်လွှဲလို့ထားလျက် စောင်ပေါ်မှအကွက်အဆင်များကို စိုက်ကြည့်လို့နေသည်။

"ရှင်က ဒီခန္ဓာကိုယ်ကို ချိသိအမျိုးသမီးအတွက် ပုံသွင်းခဲ့တာလေ။ ကျွန်မတို့တွေ အမှောင်ထုကြီးထဲမှာ ရှိနေခဲ့ကြတုန်းက ရှင့်ရဲ့အာဃာတစိတ်ဝိညာဉ်ကို ကျွန်မတွေ့ခဲ့ရတာပဲ။ ချိသိအမျိုးသမီးနဲ့ပတ်သက်တဲ့ ရှင့်ရဲ့စွဲလမ်းမှုဥပါဒါန်က ဘယ်လောက်တောင်နက်ရှိုင်းမှန်း ကျွန်မသိတာပေါ့။ ဒါပေမဲ့ အခု ရှင်က ကျွန်မကို ဒီခန္ဓာကိုယ်ထဲမှာ နေခွင့်ပြုခဲ့တယ်။ ကျွန်မအတွက် အခြားခန္ဓာကိုယ်တစ်ခုရှာမပေးခဲ့ဘူး။ ကျွန်မကို ဒီနေရာကနေ ထွက်သွားခွင့်မပြုခဲ့ဘဲ ရှင့်ဘေးနားမှာပဲ ဆက်နေရမယ်လို့ပြောခဲ့တယ်"

သစ်ခွပန်းလေးက ဒူးခေါင်းများကိုပိုက်ထားလိုက်သည်။ သူမက ထိုစကားလုံးများကို တုန်းဖန်းချင်းချန်းအား ပြောပြနေခြင်းဖြစ်သော်လည်း ထိုသို့ပြောဆိုနေရင်းမှ စိတ်မထိခိုက်ဘဲမနေနိုင်အောင် ဖြစ်လာလေသည်။ သူမ၏ဒူးများပေါ် မေးစေ့ကိုတင်ထားကာ ပုံစံက နည်းနည်းနုံးခွေခွေဖြစ်နေဟန်ပင်။

"ကျွန်မ ရှင့်ကို ဒီတိုင်း သဘောကျမိရုံပါပဲ" သစ်ခွပန်းလေးက ပြောသည်။ "ကျွန်မရှင့်ကို သဘောကျတယ်ဆိုတာ ကျွန်မက မိုက်မဲတုံးအနေလို့လေ"

တုန်းဖန်းချင်းချန်း၏မျက်လုံးများ နည်းနည်းလှုပ်ရှားလို့သွားသည်။ သူဟာ သစ်ခွပန်းလေး၏ဆံနွယ်တို့ သူမနဖူးပေါ်မှ လျှောကျလျက် မျက်လုံးများအားအုပ်ပစ်လိုက်သည်ကို ကြည့်နေ၏။ တုန်းဖန်းချင်းချန်း၏လက်များ နည်းနည်းကွေးလို့သွားသည်။ ထို့အပြင် သူ့နုလုံးအိမ်ထဲ ထိုခပ်ဆိုးဆိုးဆံနွယ်များကို သူမနားရွက်နောက် အသာလေးကူညှပ်ပေးလိုက်လိုစိတ်တို့ အသည်းအသန်ဖြစ်တည်လို့လာသည်။

သို့သော် သူ့ဘက်မှလုပ်ပေးလာသည်ကိုစောင့်ဆိုင်းမနေဘဲ သစ်ခွပန်းလေးက သူမဘာသာလုပ်လိုက်လေသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now