အခန်း (၃၄) အခန္း (၃၄)

1.3K 306 12
                                    

[Unicode]

တုန်းဖန်းချင်းချန်း၏ ဝန်ခံစကားကိုကြားသော် သူမကုတ်ပေါ်မှမွေးညှင်းနုလေးများအားလုံး ထောင်လာသကဲ့သို့ သစ်ခွပန်းလေးခံစားလိုက်ရသည်။ တုန်းဖန်းချင်းချန်းတစ်ယောက် သူမအား မည်သို့မည်ပုံ ပြန်ညှင်းရမည်ဟု စဉ်းစားနေမည်ဖြစ်ကြောင်း တွေးမကြည့်ဘဲနှင့် သိနေပါပြီ။

ငုပ်လျှိုးကွယ်မှုထောင်ချီတောင်သခင်အရှင်က တုန်းဖန်းချင်းချန်းနှင့် သစ်ခွပန်းလေးတို့ကိုကြည့်လျက် သူတို့နှစ်ယောက်၏ဆက်ဆံရေးမှာ သစ်ခွပန်းလေးဖော်ပြခဲ့ဖူးသည်ထက် အများကြီးပိုရှုပ်ထွေးနိုင်ကြောင်း သဘောပေါက်လို့သွားသည်။ ထို့ကြောင့် သူက တုန်းဖန်းချင်းချန်းအား ပြုံးပြလိုက်ကာ "အားလန်ရဲ့မိတ်ဆွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်က ခင်ဗျားကို ဧည့်ဝတ်ပြုပေးပါရစေ"

စကားမဆုံးမီ သူ့နောက်ကျောမှ အရိပ်သဏ္ဌာန်ပုဂ္ဂိုလ်က နောက်တစ်ခါထပ်မံကန့်ကွက်လာပြန်သည်။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ငုပ်လျှိုးကွယ်ဝှက်မှုတောင်သခင်အရှင်က သူ့အား မသိကျိုးနွံပြုထားလိုက်လေသည်။

အရိပ်မည်းသဏ္ဌာန်အမျိုးသားဟာ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်၏ ဆုံးဖြတ်ချက်တိုင်းကို လိုက်လံကန့်ကွက်နေပုံရ​သည်ဟု သစ်ခွပန်းလေး ခံစားမိလေ၏။ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်က သူမအား ပြန်ခေါ်လာခဲ့သည့်အချိန်ကဖြစ်စေ၊ စောစောပိုင်းကာလ သူမအား လျှို့ဝှက်ရတနာများဝှက်ထားသည့် အမှောင်ခန်းထဲသို့ ခေါ်လာခဲ့ချိန်ကဖြစ်စေ၊ ယခုနောက်ဆုံး ငုပ်လျှိုးကွယ်ဝှက်မှုတောင်သခင်အရှင်က တုန်းဖန်းချင်းချန်းနှင့် စကားဆိုလာချိန်၌ဖြစ်စေ၊ သူဟာ အမြဲတစေဆန့်ကျင်ဘက်အခြမ်းက မားမားရပ်ခဲ့လေသည်။ သို့ပေမဲ့လည်း ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်ဘက်မှ သူ့သဘောဆန္ဒကို မချိုးနှိမ်ပစ်လိုက်သည့်အခါဟူ၍ တစ်ခါမှ မရှိခဲ့ပါ။

စဉ်းစားကြည့်ရင် သနားဖို့ကောင်းလိုက်တာနော်...

သစ်ခွပန်းလေးက ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်၏ပခုံးကိုကျော်လျက် အနောက်ဘက်မှ အရိပ်သဏ္ဌာန်အမျိုးသားကို လှမ်းကြည့်လိုက်သည်။ သို့သော် အနက်ရောင်ဝတ်စုံ၏ဖုံးကွယ်ထားမှုအောက်တွင်ရှိနေသဖြင့် သစ်ခွပန်းလေးဟာ မည်သည်ကိုမျှ မမြင်ရချေ။ သူမက နှုတ်ခမ်းကိုထော်လျက်ငုံ့ကြည့်လိုက်ပြီးနောက် နောက်တစ်ခါပြန်ကြည့်လိုက်ချိန် အနက်ရောင်အဝတ်စ အထပ်ထပ်များထဲမှ အနီရောင်မျက်လုံးတစ်လုံး သူမအား လှည့်ကြည့်လာကြောင်း မြင်သွားလေသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now