အခန်း (၃၉) အခန္း (၃၉)

1.3K 322 34
                                    

[Unicode]

နောက်တစ်နေ့တွင် ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်၌ မိုးဖွဲဖွဲလေးရွာသွန်းလို့နေသဖြင့် အခန်းထဲမှ လေထုဟာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်လို့နေသည်။

သစ်ခွပန်းလေးဟာ အိပ်ရာထဲမှထလာနိုင်ပြီဖြစ်သော်လည်း ခြေလက်များမှာမူ တောင့်တင်းလို့နေကြဆဲပင်။ သူမက နံရံကိုကိုင်လျက် အခန်းထဲ ပတ်ပတ်လည်လှည့်သွားကြည့်လို့နေသည်။ တုန်းဖန်းချင်းချန်းကမူ ပျင်းလွန်းအားကြီးသဖြင့် စာအုပ်စင်မှ စာအုပ်တစ်အုပ်ယူလျက် ပြတင်းပေါက်ကိုမှီ၍ ဖတ်နေလိုက်သည်။

တုန်းဖန်းချင်းချန်း စာဖတ်နေသည်ကိုမြင်လိုက်ရသည့်အခါ သစ်ခွပန်းလေးဟာ လုံးဝကိုအံ့အားသင့်လို့သွားမိ၏။ သူမသခင် ဟိုးယခင်က ပြောပြခဲ့ဖူးသည့် ဒဏ္ဍာရီဇာတ်လမ်းများထဲတွင်ဖြစ်စေ၊ လောလောလတ်လတ်ကမှ သူမမျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ထားခဲ့ရသောအချိန်တွင်ဖြစ်စေ၊ သူမစိတ်ထဲ၌ တုန်းဖန်းချင်းချန်းဆိုသူဟာ စိတ်မချမ်းမမြေ့ဖြစ်လာသည့်အခါ ပြဿနာကို အတင်းအကျပ် အကြမ်းပတမ်းကိုင်တွယ်ဖြေရှင်းတတ်သူတစ်ဦးပင်။ ထိုကဲ့သို့သောလူမျိုးဟာ အထွတ်အမြတ်ထားရသည့်စာအုပ်များကို ဖတ်တတ်သေးပါ၏လော။

စေတနာသဒ္ဓါတရားနှင့် ပတ်သက်သည့် ကိုယ်ကျင့်တရားများအကြောင်းကိုလေ...

ငါ့စိတ်ထင်တော့ သူ...

တုန်းဖန်းချင်းချန်းဟာ စာအုပ်ထဲမှ စာကြောင်းအနည်းငယ်မျှအား ဖတ်နေရင်းမှ ရုတ်တရက်ကြီး အေးတိအေးစက်ကောက်ပြုံးလိုက်သည်။ သူ့မျက်နှာထားက ကဲ့ရဲ့လိုနေဟန် အထင်အမြင်သေးသေးမျက်နှာဘေးမျိုး ဖြစ်လို့နေ၏။

သစ်ခွပန်းလေး၏နှုတ်ခမ်းများ တွန့်ကွေးသွားတော့သည်။ ရှင်းသွားပါပြီ။ အမှန်ဆိုလျှင် တုန်းဖန်းချင်းချန်းဟာ... ထိုစာရေးဆရာ မည်မျှမိုက်မဲတုံးအ လှကြောင်း ကြည့်နေခြင်းသာဖြစ်လျက် သူဟာ ထိုအရာကို စိတ်ထဲမှ ကျိတ်လှောင်နေခြင်းဖြစ်လေသည်။ သူ့ကဲ့သို့ အကြမ်းပတမ်းနည်းကိုချည်း လုံးဝဥဿုံနှစ်ခြိုက်တတ်သူအတွက်မူ ထိုစာအုပ်ထဲမှတရားဓမ္မများဟာ မြေပြင်ပေါ်တွင် နင်းချေထားသည့် ရွှံ့ခဲများကဲ့သို့... ဘာမှမဟုတ်သည့်အရာများပင်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now