အခန်း (၄၇) အခန္း (၄၇)

1.3K 315 13
                                    

[Unicode]

ယွီကြီး၏ကျောပေါ်တွင်စီးနင်းလိုက်ပါလျက် မိစ္ဆာလောကသို့ဦးတည်လာခဲ့ကြချိန်တွင် နေမင်းကတပူတပြင်းတောက်လောင်လို့နေပြီဖြစ်ကာ သစ်ခွပန်းလေးအား နေလောင်ကုန်ကြလေသည်။ သူမအရှေ့ဘက်ရှိ တုန်းဖန်းချင်းချန်း၏ကျောပြင်ကိုကြည့်ကာ သူ့ငွေရောင်ဆံနွယ်များအား သူမမျက်နှာပေါ်သို့လွင့်နေစေရင်းမှ သစ်ခွပန်းလေးက ပါးစပ်ဟလိုက်၍ "မိစ္ဆာကြီး၊ ကျွန်မ ရှင့်ဆံပင်နဲ့ နေကိုကွယ်ထားလို့ရမလား"

တုန်းဖန်းချင်းချန်းခေါင်းလှည့်မလာရသေးမီ သစ်ခွပန်းလေးက သူ့၏ဆံပင်များ ကောက်ယူလိုက်ကာ သူမနဖူးဖြင့်သူ့ကျောကိုလာထောက်ထားလိုက်သည်။ ထို့နောက် စိတ်သက်သာရာရသွားဟန် သက်ပြင်းချလျက် "ကျွန်မစိတ်ထဲ မျက်နှာပေါ်ကမြေကြီးတွေ ခြောက်ပြီးအက်ကွဲကုန်ကြတော့မယ်လို့ ထင်နေတာ"

သစ်ခွပန်းလေး၏အပြုအမူလှုပ်ရှားချက်များက လုပ်နေကျ၊ ဖြစ်ရိုးဖြစ်စဉ်ဟန်မျိုး အလွန်ပေါက်လွန်းနေသဖြင့် တုန်းဖန်းချင်းချန်းခမျာ တအောင့်မျှမတုံ့ပြန်နိုင်ဘဲဖြစ်သွားရလေသည်။

ဒီပန်းမိစ္ဆာလေးက နေကာဖို့ ဒီအရှင့်ရဲ့ဆံပင်ကို တကယ်ကြီးယူသုံးပစ်လိုက်တာပဲ...

တကယ်ကိုအထိန်းအကွပ်မဲ့လိုက်တာ။

သို့သော် နောက်ဆုံးတွင်မူ တုန်းဖန်းချင်းချန်းဟာ အေးတိအေးစက်နှာမှုတ်လိုက်လျက် သစ်ခွပန်းလေးအား တွန်းထုတ်ခြင်းမျိုးမူ မပြုလိုက်ချေ။ သူမခေါင်းကို သူ့ကျောပေါ်တွင် မှီထားခွင့်ပေးလိုက်သည်မှာ သူမဆီမှ အိပ်ပျော်သွားသကဲ့သို့ သက်ရှုနှုန်းမှန်မှန်လေး ထွက်ပေါ်လာသည်အထိပင်။

"မိစ္ဆာကြီး"

သို့ပါသော်လည်း တုန်းဖန်းချင်းချန်းဘက်မှ သူမအိပ်ပျော်သွားပြီဟုတွေးတောလိုက်ချိန်မှာပင် သစ်ခွပန်းလေးဟာ နောက်တစ်ဖန်ပါးစပ်ဟလာ၍ မေးလိုက်ပြန်သည်။ "ရှင်ဘာလို့၊ ရှင်ဘာလို့ ချိသိအမျိုးသမီးကို ပြန်ပြီးအသက်သွင်းရမှာလဲဟင်"

တုန်းဖန်းချင်းချန်းက သူ့မျက်လုံးကိုခပ်ယောင်ယောင်လေး လှည့်လိုက်သည်။ ထို့ကြောင့် သူ့ဘေးပတ်ပတ်လည်ရှိ လွင့်မျောသွားနေသောတိမ်ဆိုင်များကိုသာ မြင်တွေ့လိုက်ရ၏။ သစ်ခွပန်းလေး၏ပုံအထိ မမြင်လိုက်ရချေ။ သူက ထိုအတိုင်းဆက်ကြည့်နေလိုက်လျက် စကားပြန်မဖြေလိုက်ပါ။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now