အခန်း (၄၀) အခန္း (၄၀)

1.4K 315 37
                                    

[Unicode]

တံစက်မြိတ်က ကျဆင်းလာသည့်မိုးရေစက်လေးများက အုတ်ကြွပ်ကြမ်းခင်းများပေါ် တတောက်တောက်မြည်လို့နေကြလေသည်။ ဤအချိန်တွင် အခန်းအတွင်းရှိလေထုဟာ အပြင်ဘက်ထက် ပိုမိုတိတ်ဆိတ်ငြိမ်သက်လို့နေ၏။

ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်က သစ်ခွပန်းလေးအား အချိန်အတော်ကြာအောင် ကြည့်လို့နေသည်။ ထို့နောက် ပြုံးလိုက်ကာ "ကိုယ်က အားလန်ကို ရိုးရိုးစင်းစင်း ပန်းနတ်သမီးလေးတစ်ပါးလို့ပဲ ထင်ထားခဲ့မိတာ။ ဒါပေမဲ့အရေးကိစ္စကြုံလာတဲ့အခါ တည်တည်ငြိမ်ငြိမ်လေး အကွက်ချလုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ တစ်ခါမှ မျှော်လင့်မထားခဲ့မိဘူး။ ဒါက တကယ်ကို စစ်သူကြီးတစ်ယောက်ရဲ့ဟန်ပန်အမူအရာမျိုးပဲ"

"ကျွန်မသခင် ဟိုးအရင်ကပြောခဲ့ဖူးတယ်။ ယုန်လေးတွေကို ချောင်ပိတ်လိုက်ရင် ပြန်ကိုက်ကြတယ်တဲ့။ တစ်ဘက်က တုန်းဖန်း၊ တစ်ဘက်က ရှင်။ ဘယ်ဘက်က ဝံပုလွေ၊ ညာဘက်က ခြင်္သေ့။ ကျွန်မသာ ကိုယ့်ဦးနှောက်ကိုယ်ထုတ်မသုံးရင် ဒီဦးနှောက်ကြီးကို ထပ်သုံးလို့ကို ရတော့မှာ မဟုတ်ဘူးလေ"

ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်က ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကြီးအား လှမ်းကြည့်လိုက်သည်။ သူ့ပုံစံက ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်၏ အခြားတစ်ဘက်တွင်ဖြစ်ပေါ်နေသော အသည်းအသန်တိုက်ခိုက်နေကြသည့် တိုက်ပွဲအား မမှုသည့်အတိုင်းပင်။ "အားလန်၊ နတ်ပြည်ကြီးက မြင့်လွန်းအားကြီးတယ်။ နတ်ပြည်ရဲ့တောင်အရပ်မုခ်တံခါးဝဆိုတာ ငါတို့လို သာမန်သေမျိုးလောကက မိစ္ဆာအသေးစားလေးတွေ သွားနိုင်တဲ့နေရာမို့လို့လား။ မင်းရဲ့အလောင်းအစားက သိပ်မကောင်းမှာပဲ ငါတော့ စိုးမိသား"

"အဲ့ဒါက ကောင်း၊ မကောင်း ရှင်သိမှာပါ" သစ်ခွပန်းလေးက မြေပြင်ပေါ်ရှိအရိပ်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ ယခုအချိန်တွင် သူမခန္ဓာကိုယ်ထဲ၌ မည်သည့်တန်ခိုးအစွမ်းမျိုးမှ ရှိမနေဘဲ သာမန်သေမျိုးတစ်ယောက်ကဲ့သို့ဖြစ်နေလေသည်။ ထို့ကြောင့် ထူးထူးဆန်းဆန်းစွမ်းအင် အငွေ့အသက်များကို အာရုံမခံစားနိုင်ချေ။ သူမခမျာ သိသာထင်ရှားလှသည့် လက္ခဏာသွင်ပြင်တို့အား သေသေချာချာအကဲခတ်ကြည့်ခြင်းမျိုးသာ လုပ်နိုင်လေသည်။ ဥပမာအားဖြင့် မြေပြင်ပေါ်ရှိ ပြတင်းပေါက်ဘောင်၏အရိပ်။ ယခင်က ထိုအရာဟာ သူမနှင့် တအားနီးနီးကပ်ကပ်မရှိကြောင်း အရှင်းကြီးပင်။ သို့သော် ယခုအချိန်တွင်မူ ထိုအရာဟာ သူမနှင့် (၂)ပေမျှသာ ကွာလှမ်းတော့သည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now