အခန်း (၂) အခန္း (၂)

5.2K 715 93
                                    

[Unicode]

တုန်းဖန်းချင်းချန်းဆီမှ ထိုကဲ့သို့တီးတိုးရေရွတ်လိုက်သည်ကို သစ်ခွပန်းလေး ရုတ်တရက်ကြားမိလေ၏။ သူမတွေတွေကြီးဖြစ်လို့နေနေဆဲအခိုက်မှာ တုန်းဖန်းချင်းချန်းက ဘုံနန်းမြင့်၏လှေကားထစ်များရှိရာသို့ ကောက်ခါငင်ကာ ထလျှောက်သွားတော့သည်။

"ရှင်ဘယ်သွားမလို့လဲ" သစ်ခွပန်းလေးက သူ့အား စိုက်ကြည့်လျက် "လျှောက်ပြေးမနေနဲ့၊ အာ၊ ဘုံနန်းမြင့်ထဲမှာ မန္တန်တွေမှ အများကြီးရှိနေကြတဲ့ဟာကို... ရှင်က ကျွန်မရဲ့ခန္ဓာကိုယ်ကို သုံးနေတာလေ။ ဟေ့"

သစ်ခွပန်းလေး၏အသံပိုကျယ်လာခြင်းမှလွဲလျှင် တုန်းဖန်းချင်းချန်းအား လှည့်ပြန်လာအောင် ခေါ်လို့မရခဲ့ပါ။

"ဟေ့၊ တုန်းဖန်း..." သူ့နာမည်အား ခေါ်လို့မဆုံးမီ လှေကားထစ်များပေါ် လှမ်းသွားသည့် တုန်းဖန်းချင်းချန်း၏ခေါင်းမှာ ရုတ်တရက်ပျောက်လို့သွားတော့၏။

သစ်ခွပန်းလေးခမျာ အလန့်တကြားဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ တုန်းဖန်းချင်းချန်း၏ခြေထောက်များ ဆက်တက်သွားကြောင်းမြင်ရကာ လည်ပင်းမှခါးအထိ ပျောက်လို့သွားလေသည်။ ထို့နောက် ခြေထောက်များ၊ နောက်ဆုံးတွင်မူ တစ်ကိုယ်လုံး ပျောက်လို့သွားချေပြီ။

သစ်ခွပန်းလေးဟာ ဤအဖြစ်ကို မယုံကြည်နိုင်ဘဲ သူမမျက်လုံးများအား ပွတ်သပ်၍ သေချာကြည့်ကြည့်မိသည်။ တုန်းဖန်းချင်းချန်းပျောက်သွားသည့်နေရာမှာ ပထမထပ်နှင့် ဒုတိယထပ်တို့ကြားရှိ စပ်ကြားနေရာဖြစ်ကြောင်းသာ တွေ့ရှိရလေ၏။

ဤဘုံနန်းမြင့်ထဲတွင် အခြားကနယ်မြေလေးတစ်ခုရှိနေခြင်းများ ဖြစ်မည်လော။ ထိုအရာမှာ မှန်ပေလိမ့်မည်ဟု ပြန်တွေးမိသည်။ အထွက်အမြတ်ထားရသည့်ရှေးဟောင်းပစ္စည်းများတွင် လူတို့မခန့်မှန်းနိုင်သော အရာတစ်ခုခုရှိပေမည်။ သစ်ခွပန်းလေးဟာ သူမမေးစေ့ကိုကိုင်လျက် အချိန်အတော်ကြာတွေးတောကြည့်မိသည်။ ဤဘုံနန်းမြင့်မှာ ကြည့်လိုက်လျှင် ထိပ်ကိုလှမ်းမြင်နိုင်သည့်ပုံမျိုး ပေါ်နေကောင်း၊ ပေါ်နေပေလိမ့်မည်။ သို့သော် အမှန်စင်စစ်တွင် ပထမအဆင့်မှာရှိနေသူဟာ အောက်ဘက်မှနေ၍ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမအဆင့်တို့အား မမြင်နိုင်ခြင်းမျိုး ဖြစ်ကောင်း၊ ဖြစ်ပေမည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now