အခန်း (၃) အခန္း (၃)

3.6K 680 85
                                    

[Unicode]

မွန်းတည့်ချိန်ရောက်ခါနီးလေပြီ။

တုန်းဖန်ချင်းချန်းက လက်ညှိုးကိုကိုက်လျက် သွေးအား မှင်အဖြစ်သုံးကာ ကလောင်တံသဘောမျိုး ထောက်လိုက်သည်။ သူက ဘုံနန်းမြင့်၏အရပ်လေးမျက်နှာလုံးတွင် ဂါထာမန္တန်များ မန်းမှုတ်ရေးဆွဲလိုက်လေ၏။ မန္တန်တစ်ခုရေးဆွဲလိုက်တိုင်း ဟောင့်ထျန်းဘုံနန်းမြင့်ဟာ အရောင်နည်းနည်းပိုမှိန်လို့လာသည်။ စတုတ္ထမြောက်မန္တန်ကို ရေးဆွဲလိုက်ချိန်တွင် ဘုံနန်းမြင့်ထဲ၌ ကျန်နေသောအလင်းဟူ၍ ထိပ်တွင်ရှိနေသောပုလဲမှလာသည့် အလင်းသာရှိတော့၏။

တုန်းဖန်းချင်းချန်းက အလယ်ဗဟိုတွင် မတ်တပ်ရပ်လိုက်ကာ မန္တန်ပေါ်ရှိနောက်ဆုံးအဓိကအမှတ်ကို ရေးဆွဲလိုက်သည်။

အချုပ်ခန်းထဲရှိ သစ်ခွပန်းလေးဟာ သူမ၏လက်ကို စိတ်ပျက်လက်ပျက်လှမ်းကြည့်လျက် သက်ပြင်းရှည်ကြီးချပစ်လိုက်တော့သည်။

အနီရောင်ဝတ်စုံနှင့်အမျိုးအသားဟာ အချုပ်ခန်းကိုမှီလျက် တုန်းဖန်းချင်းချန်း၏ခန္ဓာကိုယ်ပေါ် မျက်စိဒေါက်ထောက်ကြည့်လို့နေသည်။ "အရင်တုန်းကရော သူမက အလုပ်လုပ်တဲ့အခါ အမြဲတမ်း ခပ်မဆိတ်လေးနဲ့ ပြတ်ပြတ်သားသားလုပ်သွားတတ်တာပဲလား"

သစ်ခွပန်းလေးက သူ့အား မုန်းလို့နေဆဲရှိသေးတာကြောင့် ဘောက်ဆတ်ဆတ်ပြောချပစ်လိုက်သည်။ "ငါ ဘယ်လိုလုပ်သိမှာလဲ။ ဒါက မင်းနဲ့ဘာဆိုင်လို့တုန်း" အနီရောင်ဝတ်စုံဝတ်အမျိုးသားက ခေါင်းကိုစောင်းလိုက်ကာ ပြုံးလျက် "သူမက ငါသိတဲ့ အမျိုးသမီးတစ်ဦးနဲ့ အရမ်းကိုသွားတူနေတယ်။ အခြားအမျိုးသမီးတွေလိုမျိုး ဟန်ဆောင်ပန်ဆောင်လုပ်တာမျိုး နည်းနည်းလေးတောင် မရှိဘူး။ တည်တည်ငြိမ်ငြိမ်၊ တည်တည်ကြည်ကြည်နဲ့ ရဲရင့်ပြီး အကြောက်အလန့်မရှိဘူး။ ပုံစံက အရာအားလုံး သိနားလည်နေတဲ့အတိုင်းပဲ။ ပြီးတော့ အမျိုးသားတွေထက်တောင်မှ ပိုပြီးချောချောမောမော၊ ခံ့ခံ့ညားညားရှိနေသေးတယ်..."

"မင်း သူ့ကိုသိတာ ဘယ်လောက်ရှိသေးလို့လဲ"

ကြည့်ရသည်မှာတော့ သစ်ခွပန်းလေး၏စကားလုံးများဟာ သူ့ရွှေနားတော်ထိ မပေါက်ခဲ့ကြောင်း အသိအသာကြီးပင်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now