အခန်း (၅၁) အခန္း (၅၁)

1.3K 316 32
                                    

[Unicode]

အာဃာတစိတ်ဝိညာဉ်ဘက်မှ အသိစိတ်ပြန်ဝင်မလာမီ တုန်းဖန်းချင်းချန်းက သူ့ဓားရှည်အား မြှောက်လိုက်လေသည်။

အာဃာတစိတ်ဝိညာဉ်က အမြန်ကောက်ရှောင်လိုက်သော်လည်း သူ့ဝတ်ရုံ၏အရှေ့ခြမ်းကမူ တုန်းဖန်းချင်းချန်း၏အခုတ်ကိုခံလိုက်ရသေးသည်။ သို့ပါသော်လည်း သူ့ဝတ်ရုံဟာ အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းသွားပြီးနောက် ဟင်းလင်းပြင်ကြီးထဲ တောင်တောင်ဤဤသွားနေလေတော့သည်။

တုန်းဖန်းချင်းချန်းက တဒင်္ဂမျှတန့်နေလိုက်ပြီးနောက် ထိုအနက်ရောင်အခိုးအငွေ့ကို မျက်စိမှေးစင်းကာ ကြည့်လိုက်သည်။ ဤအချိန်မှာပင် အာဃာတစိတ်ဝိညာဉ်ဘက်မှ အသိပြန်ဝင်လာကာ သူ၏တိုက်ခိုက်လိုစိတ်များကို ပြန်လည်စုစည်းလိုက်လျက် နှုတ်ခမ်းများကော့တက်သွားလေသည်။ "တုန်းဖန်းချင်းချန်းရာ၊ မင်း ငါ့ကိုသတ်လို့မရပါဘူး" သူက ဆိုလာသည်။ "ငါက မင်းရဲ့အစိတ်အပိုင်းပဲ။ ငါက ဒီအဆုံးမဲ့ဟင်းလင်းပြင်ကျယ်ကြီးထဲ တဖြည်းဖြည်းချင်းစုစည်းဖြစ်တည်လာခဲ့တဲ့ မင်းရဲ့တန်ခိုးစွမ်းအင်တွေပဲ။ ငါ့ကို မျက်စိနဲ့မမြင်နိုင်ဘူး၊ အကောင်အထည်မရှိဘူး။ မင်းရဲ့မီးလျှံဓားရှည်ကြီးက (၃)လောကထဲမှာရှိတဲ့ အရာအားလုံးကို ချေမွဖျက်ဆီးပစ်လိုက်လို့ရမယ်ဆိုရင်တောင် ငါ့ကိုတော့ သတ်လို့မရပါဘူး"

အာဃာတစိတ်ဝိညာဉ်က စပ်ဖြီးဖြီးကြီးရယ်လိုက်သဖြင့် ချွန်မြမြသွားများ ပေါ်လို့လာကြသည်။ သူက အသုံးမဝင်တော့သည့် နောက်ထပ်နှလုံးတစ်ခြမ်းအား လွှင့်ပစ်လိုက်သည်။ ထိုအရာအား တုန်းဖန်းချင်းချန်းကြောင့် ပျောက်ဆုံးသွားပြီဖြစ်သော နှလုံးတစ်ခြမ်းနှင့်အတူတူ ဟင်းလင်းပြင်ကြီးထဲ ပျောက်ကွယ်သွားစေလိုက်တော့၏။

အာဃာတစိတ်ဝိညာဉ်က "မင်းလိုပဲ ငါလည်း (၃)လောကကြီးနဲ့ မသက်ဆိုင်တဲ့သူလေ။ ငါက မင်းပဲကွ"

တုန်းဖန်းချင်းချန်း၏သွေးနီရောင်မျက်လုံးများက အာဃာတစိတ်ဝိညာဉ်အား စိုက်ကြည့်လို့နေသည်။ ကျိန်စာ၏ထိန်းချုပ်ကန့်သတ်ထားခြင်းမျိုး မရှိတော့သည့်အတွက် သူ့တန်ခိုးအစွမ်းများကို အကြောက်အလန့်မရှိသုံးစွဲနိုင်သွားပြီဖြစ်လေ၏။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now