အခန်း (၇၇) အခန္း (၇၇)

1.6K 341 131
                                    

[Unicode]

ရိုးရိုးရှင်းရှင်းအိမ်လေးထဲရှိ သစ်ခွပန်းလေး၏မျက်လုံးများက ပြတင်းပေါက်အပြင်ဘက်မှ နွေဦးမြက်များနှင့် အရိုင်းပန်းလေးများကို လှမ်းမြင်နေရလေသည်။ ထိုနေရာဟာ မိစ္ဆာဈေးပိုင်ရှင်ဖန်တီးထားသည့်ပုံရိပ်ယောင်၏ မည်သည့်အပိုင်းဖြစ်ကြောင်းတော့ သူမ မသိပါ။

မည်သည့်အချိန်မဆို လေထုထဲ၌ သစ်ပင်၊ ပန်းမန်များ၏ သင်းပျံ့ပျံ့ရနံ့များ ပြည့်နှက်လို့နေသည်။ သူမသာ နွယ်များနှင့်အတုပ်နှောင်ခံမထားရပါက ဤနေရာဟာ သူမ၏နောက်ဆုံးအချိန်ကို ငြိမ်ငြိမ်လေးခံစားသွားရန် ကောင်းမွန်လှသည့်နေရာတစ်ခု ဖြစ်နေပေလိမ့်မည်ဟု သစ်ခွပန်းလေး ခံစားမိသည်။

မိစ္ဆာဈေးပိုင်ရှင်၏ပြောစကားက မှန်ပါသည်။ တုန်းဖန်းချင်းချန်းနောက်သာ လိုက်သွားခဲ့မည်ဆိုပါက သူမဟာ အမှန်ပင် နေ့စဉ်နေ့တိုင်းနီးပါး ရိုက်ပုတ်၊ သတ်ဖြတ်ခြင်းများနှင့် ရင်ဆိုင်ရပေမည်။ သေရေး၊ ရှင်ရေး အန္တရာယ်အခြေအနေများထဲ ရုန်းကန်လှုပ်ရှားနေရပေမည်။ သို့သော် ယခုအချိန်တွင် အိပ်ရာပေါ်လှဲနေလျက် ပြတင်းပေါက်အပြင်ကိုငေးကြည့်၍ အေးအေးလူလူလေးနေနေရပါသော်လည်း သစ်ခွပန်းလေးဟာ တုန်းဖန်းချင်းချန်းကိုတော့ ရုတ်တရက်ကြီး နည်းနည်းသတိရမိပါ၏။ သူမ အတွေးထဲ သူဟာ သူမဘေးနားတွင် မျက်နှာကြီးမည်းပုတ်လျက်ရပ်နေပြီးနောက် သူမကို ထေ့ငေါ့လှောင်ပြောင်ပြောဆိုနေမည်။ ထို့နောက်တွင်မူ လက်ဖျောက်လေးတစ်ချက်တီးလိုက်ရုံဖြင့် သူမ၏အကျပ်အတည်းဒုက္ခများကို အလွယ်လေးဖြေရှင်းလိုက်မည်ဟု၍။

သူမဟာ တုန်းဖန်းချင်းချန်း၏အကျဉ်းသားတစ်ယောက်အဖြစ် နေရသည်ကို အကျင့်သားရသွားခဲ့ပြီဟု သစ်ခွပန်းလေးခံစားရသည်။ ထို့အတွက်ကြောင့် အကျဉ်းထောင်စောင့်ပြောင်းသွားသည့်အခါ ထိုကဲ့သို့သော နူးနူးညံ့ညံ့အပြုအမူများအပေါ် သူမဟာ နည်းနည်းတော့ အသားမကျနိုင်ဘဲဖြစ်နေရရှာသည်။

သူမခေါင်းကို စောင်ပျော့ထဲနှစ်ထားရင်းမှ သစ်ခွပန်းလေး သက်ပြင်းခပ်လေးလေးကြီးချလိုက်သည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now