အခန်း (၄၁) အခန္း (၄၁)

1.3K 317 48
                                    

[Unicode]

အပြာရောင်ပင်လယ်ရေပြင်ကြီးက ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်ကို ပတ်ပတ်လည်ဝန်းရံလို့ထားလျက် ပတ်ဝန်းကျင်အခြေအနေဟာ အလွန်အမင်းစိတ်ဓာတ်ကျစရာပင်။

ဟိုးအဝေးဆီမှလာသော ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်ပေါ်ရှိပုဂ္ဂိုလ်များ၏ ကြောက်လန့်တကြား အော်ဟစ်သံများကို သစ်ခွပန်းလေးခပ်သဲ့သဲ့ကြားလို့နေရသည်။

ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်က မျက်မှောင်ကုတ်လိုက်သည်။ နောက်ဆုံးတွင်မူ သူဟာ အချိုသတ်၍ ဆိုလာသည်။ "ထိုက်တောင်ကြီးမှန်း မသိခဲ့လို့ မိစ္ဆာဧကရာဇ်ကို စော်ကားမော်ကားပြုမိခဲ့ပါတယ်ခင်ဗျာ။ အခြားဘာမှ မတောင်းဆိုချင်ပါဘူး။ မိစ္ဆာဧကရာဇ်အနေနဲ့ ကျွန်တော်တို့ကို ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်မှာ ဆက်နေနိုင်အောင် ခွင့်ပြုပေးဖို့ပဲ မျှော်လင့်မိပါတယ်။ ဒါက သူတို့ရဲ့အမှား မဟုတ်ပါဘူး"

တုန်းဖန်းချင်းချန်းက ပြုံးလိုက်ကာ "ဘယ်နှယ့်လုပ် မှန်ရမှာလဲ။ မင်းက ဒီတောင်ရဲ့အောက်ခြေမှာ ဇီဝိန်ခြွေအစီအရင်အကြီးစားကြီးတစ်ခု ဖန်တီးခဲ့တယ်လေ။ အဲ့တော့ ဒီတောင်မှာ အမှားမကင်းဘူးပေါ့။ ဒီပင်လယ်ပြင်ကြီးမှာလည်း အမှားမကင်းဘူးလေ။ ဒီအရှင်က လွှတ်ပေးလိုက်မှာ မဟုတ်ဘူး"

ဒီမိစ္ဆာကြီးက... ဝင်္ကပါထဲမှာ ခံစားခဲ့ရတဲ့ ခံပြင်းစရာတွေကို တကယ်ကြီး တေးမှတ်ထားခဲ့တာပဲ။ ဒါပေမဲ့လည်း အဲ့ဒီအချိန်တုန်းက ဝင်္ကပါထဲမှာ တော်တော်လေးဒုက္ခခံခဲ့ရတာက ကျွန်မပါနော်။ ရေကြီးတုန်းက တစ်ခါ၊ မီးတောက်တွေလာတုန်းက တလှည့်လေ၊ အဲ့ဒီတုန်းဖန်းချင်းချန်းကို နှောင့်ယှက်ဟန့်တားခဲ့ကြတာတွေထဲမှာ နောက်ဆုံးကျမှ ကျွန်မတို့နှစ်ယောက်လုံး မြေကြီးထဲ အတူတူနစ်ခဲ့ကြရတာလေးတစ်ခုပဲရှိတာကိုများ...

သစ်ခွပန်းလေး တအောင့်မျှ တွေးကြည့်လိုက်မိသည်။

တုန်းဖန်းချင်းချန်း စိတ်မချမ်းမသာဖြစ်ရတဲ့ကိစ္စက အဲ့ဒီရှေးရှေးတုန်းကအရာတွေကို သွားပြန်မြင်လိုက်ရတာလေးကြောင့် များလား။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now