အခန်း (၃၀) အခန္း (၃၀)

1.4K 331 36
                                    


[Unicode]

မီးတောက်နီကြီးများက လှိုင်းလုံးများသဖွယ် ဝေါခနဲဖြတ်သန်းသွားကြပြီးနောက် အားလုံးနီးပါးအဝေးသို့ထွက်သွားသည့်အခါ သစ်ခွပန်းလေးခန္ဓာကိုယ်ပေါ်တွင် အဝတ်စလေးတစ်မျှင်မျှပင် ကျန်ရစ်မနေခဲ့ပါ။

သူမက အလန့်တကြားအော်ဟစ်၍ ရင်ဘတ်ကိုပြန်ဖက်ကာ အုပ်ထားလိုက်သည်။

သူမရှေ့တွင်ရပ်နေသည့် တုန်းဖန်းချင်းချန်းဟာ ထိုအသံကြားသွားကာ လှည့်လာရန်ဟန်ပြင်လိုက်သည်။ သို့သော် သစ်ခွပန်းလေးက နည်းနည်းလေးမှတုံ့ဆိုင်းမနေဘဲ ဖြန်းခနဲရိုက်ချလိုက်ကာ “လှည့်မလာနဲ့” ရိုက်ချက်ကပြင်းလွန်းလှသဖြင့် တုန်းဖန်းချင်းချန်း၏ခေါင်းပင် အဝေးသို့လည်ထွက်သွားရသည်။

တုန်းဖန်းချင်းချန်း၏နဖူးပေါ်မှ သွေးကြောပြာများထောင်ထလာကုန်ကြသည်။

ထိုအချိန်တွင် မီးတောက်များမှာ ဖြတ်သန်းထွက်ခွာသွားကြပြီဖြစ်သဖြင့် လှိုဏ်ဂူထဲ သေမတတ်တိတ်ဆိတ်မှုတို့ ပြန်လည်ကြီးစိုးလာ၏။ တုန်းဖန်းချင်းချန်းက သူ့ခေါင်းကို အေးတိအေးစက်ဟန်ကြီးဖြင့် လှည့်လာကာ “ပန်းမိစ္ဆာလေး၊ မင်းကတော့ ပိုပိုပြီး…”

တုန်းဖန်းချင်းချန်း၏အကြည့်များ တန့်လို့သွားလျက် သူ့အသံမှာ တိမ်ဝင်လို့သွားသည်။

သစ်ခွပန်းလေးခမျာ မြေကြီးပေါ်ဝတ်လစ်စလစ်ဖြင့်ငုပ်တုပ်ထိုင်နေလျက် သူမလက်များက ရင်ဘတ်ပေါ်အုပ်လို့ထားကြသည်။ သူမခန္ဓာကိုယ်အား တတ်နိုင်သမျှဖုံးထားလိုကြောင်း မြင်နိုင်ပေသည်။

ထိုသို့လုပ်ထားသည့်ကြားမှ တုန်းဖန်းချင်းချန်းဟာ သူမ၏ချောမွေ့ကြည်လင်နေသော နောက်ကျောဘက်အသားအရည်အား မြင်နေရဆဲပင်။ ဆောင့်ကြောင့်ထိုင်နေခြင်းဖြစ်သဖြင့် တင်ပါးဆုံရိုးမှာ ကျောရိုးအနေအထားအား လှပသောကောက်ကြောင်းတစ်ခုဖြစ်သွားစေကာ ကျောရိုးအောက်ပိုင်းရှိ ကောက်ကြောင်းများကိုလည်း ကွယ်ထားပေးသွားသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now