အခန်း (၉) အခန္း (၉)

2.1K 417 62
                                    

[Unicode]

မိစ္ဆာလောကတွင်လည်း နံနက်ခင်းဟူသည့်အရာရှိပါသည်။ သို့သော် ထိုအရာမှာ လူ့လောကနှင့်တော့ မတူညီချေ။ နံနက်မိုးသောက်ကတည်းက မိစ္ဆာလောကရှိနေမင်းဟာ စတင်တောက်လောင်လာသည်။ လေထုက ခြောက်သွေ့လို့နေလျက် ကျိုယုံးနယ်မြေကို မည်သည်မျှမဖြစ်ထွန်းသောကျတ်တီးမြေတစ်ခု ဖြစ်လာစေသည်။

တုန်းဖန်းချင်းချန်း၏ နှာခေါင်းမှာ တရှုံ့ရှုံ့စဖြစ်လာသည်။ နှစ်ပေါင်းထောင်ချီ အိပ်စက်နေခဲ့သည့် နဂါးအကြီးကြီးတစ်ကောင်ကဲ့သို့ လေအရှည်ကြီးမှုတ်ထုတ်လိုက်ကာ မာန်အပြည့်ဖြင့် နိုးထလာ၏။ သူ့ဘေးပတ်ပတ်လည်ရှိ လေထုမှာ လှုပ်ခတ်သွားလျက် သူ့မျက်တောင်များလည်း လှုပ်လာသည်။ အိပ်ရာခင်းများ လွင့်ထွက်ကုန်ကြကာ တံခါးများ တုန်ကုန်လေသည်။

တုန်းဖန်းချင်းချန်းက သူ့ညာဘက်မျက်လုံးကို ဖွင့်လိုက်သည်။ ထို့နောက် ဘယ်ဘက်မျက်လုံးလည်း ပွင့်လာ၏။ သူ့ခန္ဓာကိုယ်ထဲရှိ အခြားဝိညာဉ်တစ်ခုက ဘယ်ဘက်လက်ကို မလျက် ဘယ်ဘက်မျက်လုံးအား ပွတ်၍ ပါးစပ်ကို ဟကာ သန်းဝေလိုက်၏။ ၎င်းနောက် ပါးစပ်ပြန်ပိတ်၍ လျှာထုတ်လျက် နှုတ်ခမ်းကို သပ်လေသည်။ ထို့အပြင် လက်ဖြင့်လည်း ပါးစပ်ကို သုတ်လိုက်သေး၏။ ပုံစံမှာ တစ်ညလုံးကျထားသည့် သွားရေများကို မသိစိတ်အလျောက်သုတ်ပစ်နေဟန်မျိုးပင်။

ဤအချိန်မျိုးတွင် သူ့ခန္ဓာကိုယ်ထဲရှိ အခြားဝိညာဉ်ဘက်မှ မည်သည့်အပြုအမူမျိုး ပြုနေသည်ဖြစ်စေ၊ တုန်းဖန်းချင်းချန်းတစ်ယောက် သူ့ဘေးတွင် အိပ်နေသည့် ခန္ဓာကိုယ်တောင့်တောင့်တင်းတင်း၊ အချိုးအဆတုတ်တုတ်ခိုင်ခိုင်၊ သန်သန်မာမာရှိသော မုတ်ဆိတ်ကျင်စွယ်များနှင့် အမျိုးသားတစ်ဦးကိုသာ ကြည့်နေနိုင်တော့၏။

သူဝန်မခံလိုပါသော်လည်း ယခုကဲ့သို့သောအခြေအနေရောက်လာသည့်အခါ ဤရှေးမိစ္ဆာကြီးအနေဖြင့် သူ့ကိုယ်သူ နည်းနည်းကူကယ်ရာမဲ့လို့နေကြောင်း ဝန်ခံရပေတော့မည်။

ဤကဲ့သို့သောအခြေအနေမျိုးကား__ ယခင်က သူတစ်ခါမှမကြုံခဲ့ရဖူးပါ။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now