အခန်း (၃၅) အခန္း (၃၅)

1.3K 305 15
                                    

[Unicode]

ညနေခင်းရောက်လာသည့်အခါ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်က သစ်ခွပန်းလေးအတွက် ခန္ဓာကိုယ်အသစ်တစ်ခုလာပေးခဲ့သည်။

သို့သော် ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်နှင့် ပတ်သတ်သည့် ထူးထူးဆန်းဆန်းအရေးကိစ္စများအကြောင်း တုန်းဖန်းချင်းချန်းနှုတ်မှ ပြောလာခဲ့ပြီးသည့်အချိန်ကတည်းက သစ်ခွပန်းလေးဟာ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်၏ နူးညံ့သိမ်မွေ့လှသည့်အပြုံးတို့အား ပုံမှန်မျက်နှာအမူအရာမျိုးဖြင့် ရင်မဆိုင်နိုင်တော့ချေ။

သူမက ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်ယူလာသည့် ရွှံ့စေးခန္ဓာကိုယ်အား အချိန်အတော်ကြာအောင်ကြည့်လို့နေခဲ့သည်။ ထို့နောက်မှ ဝေ့လည်ကြောင်ပတ်ဖြင့် မေးလိုက်သည်။ "ဆံပင်ကိုပါ ရွှံ့စေးနဲ့ထုဆစ်ပုံသွင်းပေးထားတာလား"

ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်က နူးညံ့သိမ်မွေ့စွာပြုံးလျက် "ဒါပေါ့၊ အဲ့ဒါလုပ်ရတာ တော်တော်လေး လက်ဝင်တာ"

"ဒီလောက်အနုစိတ်ကျလွန်းတဲ့ခန္ဓာကိုယ်မျိုးဆိုတာ လုပ်ရလွယ်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တောင်သခင်အရှင်ရဲ့လက်အောက်မှာရှိနေကြတဲ့သူတွေက ဒါကို တော်တော်လေး မြန်မြန်ဆန်ဆန်ကြီး ပြီးစီးအောင် လုပ်နိုင်ကြတာပဲနော်..."

"ဘာလို့လဲဆိုတော့ အရင်ကတည်းက လူပုံသဏ္ဌာန်တွေ ပုံဖော်ထားပြီးသားရှိနေတာကိုး။ အသေးစိတ်လေးတွေလောက်ပဲထပ်ပြီး သေချာပြင်လိုက်ဖို့ လိုအပ်တယ်လေ"

ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်၏ ပွင့်ပွင့်လင်းလင်းပြန်လည်ပြောကြားချက်ကြောင့် သစ်ခွပန်းလေးခမျာ နည်းနည်းပြန်မတုံ့ပြန်နိုင်ဘဲ ဖြစ်သွားရသည်။ သူမက သူ့အား တွေတွေကြီးစိုက်ကြည့်လျက် "လူပုံသဏ္ဌာန်တွေက ကြိုလုပ်ထားပြီးသားလား။ ရှင် အဲ့ဒီလူပုံသဏ္ဌာန်ရွှံ့စေးအရုပ်တွေ ပုံသွင်းထားပြီး ဘာတွေလုပ်တာလဲ။ အဲ့ဒါကများ..." သစ်ခွပန်းလေးက သူမ၏ထင်ကြေးကို တိုးတိုးလေးရေရွတ်လိုက်ကာ "ရှင့်မှာ အဲ့ဒီဟာတွေထဲကိုထည့်ဖို့ စီစဉ်ထားတဲ့ အခြားဝိညာဉ်တွေလည်း ရှိနေသေးတာလား"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now