အခန်း (၃၆) အခန္း (၃၆)

1.3K 293 10
                                    

[Unicode]

သစ်ခွပန်းလေးက တုန်းဖန်းချင်းချန်းပုံသွင်းထားခဲ့သည့် ရွှံ့စေးရုပ်ပေါ်မှ ရွှံ့စေးများကို ပမာဏတစ်ခုအထိလျော့ချပစ်ခဲ့လေသည်။ သူမက ရွှံ့စေးရုပ်၏ခြေ၊လက်များကို သေးပစ်လျက် ခါးကို သိမ်ပစ်လိုက်သည်။ မျက်နှာကောက်ကြောင်းများကို နူးညံ့သိမ်မွေ့အောင်လုပ်လိုက်သည်။ ထို့နောက် နှာခေါင်းနှင့်မျက်လုံးများအားလုံးကို ပုံပြောင်းပစ်လိုက်၏။ နောက်ဆုံးတွင်မူ ထွက်ပေါ်လာသောသူမ၏ရလာဒ်များကိုကြည့်လျက် သစ်ခွပန်းလေးဟာ အောင်နိုင်သူအပြုံးကြီးပြုံးပစ်လိုက်လေတော့သည်။

ပုံပန်းသွင်ပြင်က အလွန်ကောင်းမွန်သည်။ မျက်နှာအနေအထားက သြချလောက်စရာရှိ၏။ ဤကား အနာဂတ်တွင် သူမခန္ဓာကိုယ်ဖြစ်လာတော့မည့်အရာပင်။ ထိုသို့တွေးလိုက်သည့်အခါ သစ်ခွပန်းလေးစိတ်ထဲ အလွန်ပျော်ရွှင်ချမ်းမြေ့လို့သွားသည်။

သူမဟာ စားပွဲခုံပေါ်ရှိသူမ၏ခန္ဓာကိုယ်အား အတော်အတန်ကြာအောင် ကြည့်လို့နေမိခဲ့သည်။ ကြည့်နေရင်းမှ ခန္ဓာကိုယ်ဟာ စိုထိုင်းထိုင်းအနေအထားကနေ တဖြည်းဖြည်းချင်းခြောက်သွေ့လို့လာခဲ့သည်။ သစ်ခွပန်းလေးက ရွှံ့စေးရုပ်၏လက်ချောင်းလေးကို ခပ်ဖွဖွလေးထိကြည့်သည့်အခါ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင် သူမအား ပေးခဲ့သည့်ရွှံ့စေးနှင့်တူလာပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ၏ခန္ဓာကိုယ်ဟာ ရလုရခင်ဖြစ်နေလေပြီ။

ဤခန္ဓာကိုယ်အတွက် ၎င်း၏ပုံပန်းသဏ္ဌာန်အား ပြောင်းလဲရန် ခက်ခဲကောင်း၊ ခက်ခဲပေလိမ့်မည်ဟု သူမတွေးထင်မိ၏။ ဤကဲ့သို့အနေအထားဖြစ်လာခြင်းမှာ တုန်းဖန်းချင်းချန်း သတိမလစ်မီဆိုခဲ့သည့် ပုံပေါ်လာခြင်းဖြစ်စဉ်ပင် ဖြစ်ပေလိမ့်မည်။

သစ်ခွပန်းလေးဟာ ရုတ်ခြည်း စိတ်သက်သာရာရလို့သွားမိ၏။

ဤအချိန်တွင် သစ်ခွပန်းလေးဟာ အိပ်ရာပေါ်မှ အသက်ရှုသံပြင်းပြင်းကို ရုတ်တရက်ကြားလိုက်ရ၏။ သူမချက်ချင်း သတိပြန်ဝင်လာကာ ရုပ်တုကို ပိတ်ဖြူစဖြင့် အမြန်ဖုံးလိုက်သည်။ သူမခေါင်းလှည့်လိုက်သည့်အခါ တုန်းဖန်းချင်းချန်းဟာ ခုတင်ပေါ်တွင် ထထိုင်နှင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now