အခန်း (၃၂) အခန္း (၃၂)

1.3K 305 13
                                    

[Unicode]

ကြည့်ရသည်မှာ အမှောင်ထုကြီးက မပြီးနိုင်၊မဆုံးနိုင်အောင်ရှိလို့နေသည့်ပုံပင်။ ထိုအထဲတွင် မည်မျှကြာအောင်ရှိခဲ့ပြီးဖြစ်ကြောင်း သစ်ခွပန်းလေးမသိတော့ပါ။ သို့သော် ယခုအချိန်တွင် သူမဟာ ပင်ပန်းနွမ်းနယ်မှုအကြောင်း အတွန့်တက်နေလိုစိတ်မရှိတော့ရုံမက သဘာဝအင်အားစု(၅)မျိုး ဇီဝိန်ခြွေအစီအရင်ထဲမှ မည်သည့်တိုက်ခိုက်မှုမျိုး ရောက်လာလိမ့်မည်ဟု တွေးတောနေလိုစိတ်ပင် မရှိတော့ချေ။ သူမအရှေ့ဘက်ရှိ တုန်းဖန်းချင်းချန်း၏ကျောပြင်ကိုသာကြည့်လျက် နှုတ်ဆိတ်နေမိသည်။

သူမမျက်လုံးများက အလွန်အင်မတန်စူးစူးစိုက်စိုက်ကြည့်နေကြလွန်းသည့်အတွက် တုန်းဖန်းချင်းချန်းဘက်မှ ဆက်လက်မသိကျိုးနွံပြုထားလို့မရအောင် ဖြစ်လာရတော့သည်။ သူက သစ်ခွပန်းလေးအား မျက်လုံးများမှေးစင်း၍ ကြည့်လိုက်သည်။ သစ်ခွပန်းလေးက သူ့အကြည့်ကိုရှောင်လွှဲသွားခြင်းမပြုဘဲ မျက်လုံးအပြူးသားဖြင့် တောက်တောက်ပပကြီးစိုက်ကြည့်လို့နေ၏။

တုန်းဖန်းချင်းချန်းက သူမဆီမှ အကြည့်လွှဲလိုက်လေသည်။

သစ်ခွပန်းလေးက သူအား စူးစူးစိုက်စိုက်ကြည့်လို့နေသေး၏။

တုန်းဖန်းချင်းချန်းတစ်ယောက် သည်းခံထားခဲ့ပါသော်လည်း မည်သို့မျှဆက်သည်းမခံနိုင်တော့သဖြင့် "မင်းဘာဖြစ်နေရတာလဲ"

"မိစ္ဆာကြီး" သစ်ခွပန်းလေးက တည်ကြည်လေးနက်စွာဖြင့် မေးလာသည်။ "ကျွန်မရှင့်ကို တစ်ခုမေးမယ်။ ရှင်ပြောကြည့်ကြည့်၊ ကျွန်မတို့နှစ်ယောက် ဒီခရီးကိုအတူလျှောက်လှမ်းလာကြတာ အတော်ကြာခဲ့ပြီ။ ရှင်သာကျွန်မကိုသတ်ချင်လို့ရှိရင် ကျွန်မမလွတ်နိုင်လောက်ဘူးလေ။ ဒါပေမဲ့ ရှင်ဘာလို့ ကျွန်မကို အညှာအတာကင်းကင်း မသတ်ပစ်လိုက်ရတာလဲ"

တုန်းဖန်းချင်းချန်း၏ခြေလှမ်းများ ခပ်ယောင်ယောင်လေးတန့်သွားကာ အကြည့်နက်နက်များဖြင့် သစ်ခွပန်းလေးကို လှည့်ကြည့်လာသည်။ "ဒီတော့ မင်းက သေချင်လို့လား" သူက ပြောလာသည်။ "ဒီအရှင်က မင်းဆန္ဒကို ဖြည့်ဆည်းပေးမှာပေါ့" သူက လက်ကိုမြှောက်လိုက်သည်။ ချွန်မြမြသူ့လက်သည်းများဟာ မီးစုန်းပုလဲလုံးအောက်တွင် ဇီဝိန်ခြွေလိုသည့်အရှိန်အဝါများဖြင့် တလက်လက်တောက်ပလို့နေသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now