အခန်း (၇၄) အခန္း (၇၄)

1.4K 299 49
                                    

[Unicode]

နောက်တစ်နေ့နံနက် သစ်ခွပန်းလေးနိုးလာပြီးနောက် နိုးတစ်ဝက်အိပ်တစ်ဝက်အခြေအနေတွင် တုန်းဖန်းချင်းချန်းက အိမ်အပြင်ဘက်မှအခြားသူများနှင့် စကားပြောဆိုနေသံကို ကြားလိုက်ရသည်။ "ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်မှာ ရှီးရန်နဲ့လုပ်ထားတဲ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့စာအုပ်တွေ ရှိလား"

"ဟုတ်ကဲ့၊ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ မိစ္ဆာဧကရာဇ်က ရှီးရန်နဲ့ လူပုံစံခန္ဓာကိုယ်တစ်ခု တစ်ခါတည်းဖန်တီးနိုင်နေပြီပဲဟာ။ ကျွန်တော့ရဲ့ငုပ်လျှိုးကွယ်ဝှက်မှုတောင်ကနေ မိစ္ဆာဧကရာဇ်ဆီယူလာပေးမယ့် စာအုပ်တွေက မျက်စိအာရုံဖမ်းစားနိုင်စရာမဖြစ်လောက်ဘူးခင်ဗျ" ဟု ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်၏အသံ ပေါ်လာသည်။ "ဖြစ်နိုင်တာ... မိစ္ဆာဧကရာဇ်က ရှီးရန်လက်ကျန်ကိုသုံးပြီး ခန္ဓာကိုယ်တစ်ခု ပြန်လုပ်ချင်သေးလို့များလား"

ထိုစကားလုံးများကိုကြားသော် သစ်ခွပန်းလေး၏ စောစောပိုင်းက အိပ်ချင်မူးတူးစိတ်အခြေအနေကြီးဟာ နည်းနည်းနိုးနိုးကြားကြားဖြစ်လို့သွားတော့၏။ သူမကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ငုပ်တုပ်ထထိုင်လျက် အခန်းအပြင်ဘက်ကစကားသံများကို နားစွင့်လိုက်မိသည်။

တုန်းဖန်းချင်းချန်းအသံတွင် သူ၏မွေးရာပါ စိတ်ကြီးဝင်နေဟန်ကြီးနှင့် အထင်အမြင်သေးဟန်တို့ပါဝင်လို့နေသည်။ "ဒီအရှင် ဘာတွေဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ဘာကိစ္စ မင်းကို ပြောပြနေဖို့ လိုမှာလဲ" သူက ဆိုလေသည်။ "ဒီအရှင် မင်းကို အချိန်နာရီဝက်ပေးမယ်"

အပြင်ဘက်အခြမ်းတွင် တအောင့်မျှတိတ်ဆိတ်လို့သွားပြီးနောက် ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်ဟာ ခပ်အုပ်အုပ်လေး အသာရယ်မောလိုက်သည်။ "ကောင်းပါပြီဗျာ၊ ကျွန်တော် ခင်ဗျားကိုပေးပါ့မယ်ဗျာ" ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်ပုံရိပ်ဟာ ပြတင်းပေါက်မှဖြတ်လျှောက်လို့သွား၏။ ဖွင့်ထားသည့်ပြတင်းပေါက်ထဲသို့ သူလှမ်းကြည့်လိုက်ချိန်တွင် သစ်ခွပန်းလေးအား မြင်တွေ့လိုက်ရ၏။ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်ဟာ ခပ်တွေတွေအကြည့်ကြီးဖြင့် ခေတ္တမျှရပ်လို့သွားလေသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now