အခန်း(၆၁) အခန်း(၆၁)

1.5K 317 49
                                    

[Unicode]

ဤအနမ်းက တစ်ခါအစပြုလိုက်သည်နှင့် ရပ်တန့်လို့မရတော့သည့်ပုံမျိုးပင်။ တုန်းဖန်းချင်းချန်းဟာ ပိုင်စိုးပိုင်နင်းရှိလှသည့်အနေအထားမျိုး အပြည့်ယူထား၏။ သို့သော် သစ်ခွပန်းလေးကလည်း တစ်စက်လေးမှ အငြိမ်မနေသောသစ်ခွပန်းလေးဖြစ်နေသည်။

တုန်းဖန်းချင်းချန်းဘက်မှတိုက်ခိုက်မှုကြီး ရပ်တန့်သွားသည်အထိစောင့်ဆိုင်းခဲ့ပြီးသည့်နောက် သစ်ခွပန်းလေးက ခြေဖျားထောက်လိုက်ကာ တုန်းဖန်းချင်းချန်းအား လွှတ်မပေးလိုက်ချေ။ ထိုအစား သူမကိုယ်ပိုင်နည်းကိုယ်ပိုင်ဟန်ကိုသုံးလျက် သူ့အား ကြုံရာကျပန်းလျှောက်ကိုက်လေတော့သည်။ သူ့နှုတ်ခမ်းအား အချိန်အတန်ကြာအောင် ကိုက်နေခဲ့ပြီးနောက် လျှာအား ကိုက်လိုလာခဲ့သည်။ နောက်ဆုံးတစ်ချက်တွင်မူ သူမလျှာကိုသူမပြန်ကိုက်လိုက်မိသွားသည်။ သစ်ခွပန်းလေးဟာ နာကျင်မှုကိုတော့ သိနေပါသေးသည်။ ထို့ကြောင့် တစ်ချက်ရှိုက်လိုက်ကာ လက်လျော့သွားတော့၏။

သူမဘက်မှ နောက်ပြန်ဆုတ်ရန်ဟန်ပြင်လိုက်သည်။ သို့သော် 'ရန်သူ'ဆီမှ ပြန်လည်တပ်ဆုတ်လာခဲ့ပြီးသည့် တုန်းဖန်းချင်းချန်းအတွက်မူ ဤအချိန်၌ သူမ၏ရန်စမှုက သည်းခံနိုင်ရည်ထက်ကျော်လွန်သွားခဲ့လေပြီ။ သူက သူမအား ခပ်တင်းတင်းဆွဲဖက်လိုက်ကာ သူမခေါင်းကိုအသေကိုင်ထားလျက် ဘေးသို့ရှောင်မရအောင် လုပ်ထားလိုက်သည်။ သစ်ခွပန်းလေးက အနောက်သို့ ဆုတ်လိုသဖြင့် ခြေတစ်လှမ်းဆုတ်လိုက်သည်နှင့် တုန်းဖန်းချင်းချန်းဘက်မှ တစ်လှမ်းလိုက်တိုးလာသည်။ ဤနည်းအားဖြင့် တစ်လှမ်းပြီးတစ်လှမ်းဆုတ်လာခဲ့ပြီးနောက် အဆုံးသတ်တွင် သစ်ခွပန်းလေး၏ကျောဟာ သေရည်သိုလှောင်ခန်း၏ နံရံကြမ်းကြမ်းကြီးဆီရောက်လို့သွားလေပြီ။

ထပ်ဆုတ်စရာမရှိတော့ပါ။

သစ်ခွပန်းလေးကမျက်လုံးထောင့်များမှ မျက်ရည်များ ညှစ်ထုတ်လိုက်၏။ တုန်းဖန်းချင်းချန်းဟာ ထိုမျက်ရည်များကို အာရုံခံစားမိသွားသဖြင့် တွေးတောစဉ်းစားမနေဘဲ သူ့အရှိန်ကိုလျော့ချလိုက်တော့သည်။ ထို့နောက် သစ်ခွပန်းလေး၏ဒဏ်ရာရသွားသည့်နေရာကို လျှာနှင့်လျက်ပေးကာ တန်ခိုးအစွမ်းဖြင့် အနာသက်သာစေလိုက်သည်။ အစပိုင်းတွင် သူ့အနမ်းဟာ ရန်လိုနေခဲ့သော်လည်း စောစောပိုင်းကအနမ်းမှာ လက်တုံ့ပြန်သည့်အသွင်ဆောင်နေသည်။ ယခုလက်ရှိအချိန် အနမ်းကမူ ညင်သာလို့လာ၏။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now