Arc-3.8(end)

5.1K 502 9
                                    

( အပေါ်ကပုံက ထိုက်ပုံပါ)

ယွီထန်းရီတစ်ယောက် မတော်တဆမကြားသင့်တဲ့ အကြောင်းတွေကိုကြားသွားခဲ့ပြီး သူ့ရဲ့မွေးစားအဖေမင်ဂူရှောင်ကို မုန်းတီနေခဲ့တယ်....အပြင်ပိုင်းမှာတော့ ဘာမှမဖြစ်သလိုဟန်ဆောင်ခဲ့ပေမဲ့ အတွင်းစိတ်ထဲမှာတော့ မင်ဂူရှောင်ကိုနာကြီးမုန်းတီးနေခဲ့တယ်....

သူ့အသားကိုမင်ဂူရှောင်ထိကိုင်တိုင်းလည်း ရွံရှာနေခဲ့တယ်..မင်ဂူရှောင်သူ့ကိုထိခဲ့တဲ့နေရာတွေကိုလည်း ရေနဲ့ခဏခဏပြန်ဆေးခဲ့တယ်...မင်ဂူရှောင်ကိုမြင်တိုင်းလည်း ယွီထန်းရီအ​သေသတ်ချင်နေခဲ့တယ်...ဘာကြောင့်လည်းဆိုတော့ သူ့ကိုချစ်လို့ခင်တွယ်လို မွေးစားခဲ့တာမဟုတ်ပဲ လိင်ဆက်ဆံဖို့အတွက် မွေးစားခဲ့တာကြောင့်ဖြစ်တယ်...

ယွီထန်းရီကတော့ မင်ဂူရှောင်ကိုအဖေအရင်းတစ်ယောက်လို ချစ်ခင်တွယ်တာခဲ့တယ်..ဒါပေမဲ့လည်း မင်ဂူရှောင်ရဲ့သရုပ်မှန်ကို သိရှိသွားခဲ့တဲ့အချိန်မှာပဲ ယွီထန်းရီ မင်ဂူရှောင်အပေါ်ထားတဲ့စိတ်တွေ ပြောင်းလဲသွားခဲ့တယ်..

ချစ်ခင်တွယ်တာတဲ့စိတ်မှာ မုန်းတီးရွံရှာတဲ့စိတ်တွေအစားထိုးလာခဲ့တယ်...ယွီထန်းရီထင်ခဲ့တာဟာသူအမြဲတမ်း မင်ဂူရှောင်ကိုရွံရှာ မုန်းတီးနေမယ်လို့ထင်ခဲ့တယ်..ဒါပေမဲ့လည်း မင်ဂူရှောင်ကိုယ်ထဲ ယန်ဝင်သွားတဲ့အချိန်ကနေစပြီး ယွီထန်းရီ စိတ်ပြန်ပြောင်းလဲသွားခဲ့တယ်...

မင်ဂူရှောင်ကတော့ ယွီထန်းရီဟာသူ့ရဲ့ချစ်ရတဲ့ ထိုက်ဆိုတာလည်းသိရော တစ်နည်းမဟုတ်တစ်နည်းနဲ့ ယွီထန်းရီရဲ့အနားကို ကပ်ဖို့ကြိုးစားတယ်...ယွီထန်းရီစာဖို့အတွက် ထမင်း၊ဟင်းတွေကိုသူကိုယ်တိုင်ချက်ခဲ့တယ်...

ဒါပေမဲ့လည်း ယွီထန်းရီကတော့နောက်ပိုင်း သိသိသာသာ မင်ဂူရှောင်ကိုရှောင်နေခဲ့တယ်...မင်ဂူရှောင်ထင်တာက ယွီထန်းရီကသူ့ကိုနောက်တစ်နည်းနဲ့လိုက်နေတယ်ထင်ပြီး ရှောင်နေတာလို့ ထင်နေခဲ့တယ်..တကယ့်တကယ်ကတော့ ယွီထန်းရီဟာအခုနောက်ပိုင်း ထူးဆန်းလာတဲ့ မင်ဂူရှောင်ကိုမြင်ပြီး ရင်တွေအစမတန်ခုန်နေတာကြောင့် သူ့စိတ်ကိုပြန်ထိန်းချုပ်နိုင်အောင် ရှောင်နေခဲ့တာဖြစ်တယ်...

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now