Arc-2.11

5.5K 585 37
                                    

ဇာတ်လိုက်- ရှောင်လုံဟန်
ဇာတ်လိုက်မ- လင်လော့ကျင်း
ဒုတိယဇာတ်လိုက်- လင်းမင်း
Mcဝင်တဲ့ကိုယ် - ရှောင်ကျန့်

ရှောင်လုံဟန်ရဲ့လက်မောင်းလေးထဲမှာ ခွေးလေးယန်ကတော့ ခွေခွေလေးအိပ်နေလေတယ် အိပ်ပျော်နေတဲ့ခွေးလေးယန်ရဲ့ ခေါင်းလေးကို ရှောင်လုံဟန်နမ်းနေတာကို ဖားလေးမြင်လိုက်ရတာဖြစ်တယ်

( စာရေးဆရာ  - အမလေးတော် ဘာများလည်းလို့ ခေါင်းလေးကိုနမ်းနေတာကို အဲ့လောက်တောင် အံ့သြရလားဖားလေးရယ်

ဖားလေး - မင်းကလည်းအဲ့လိုမပြောသင့်ဘူး..ငါမျက်လုံးထဲမှာ boss ကိုခွေးလို့မှမမြင်တာ လူလို့မြင်နေရတာ အဲ့ဒါအပြင် ရှောင်လုံဟန်ငါ့ရဲ့ boss ကိုကြည့်နေတဲ့ရုပ်က ...အဟမ့်..အဲ့ရုပ်ကြီးကကြည့်ရတာ..

စာရေးဆရာ -  မြင်လိုက်တဲ့ရုပ်က တော်တော်လေးကြည့်ရတာဆိုးလို့လား....

ဖားလေး - ဆိုးတာပေါ့ကွ လုံးဝကိုကြည့်ရဆိုးတာ ပြောနေရင်း မျက်လုံးထဲမှာပြန်မြင်လာပြီ..အိစ်..ကြက်သိမ်းတောင်ထတယ်..

စာရေးဆရာ -
ဖားလေးပြောသလိုကြည့်ရတာ တော်တော်လေးများဆိုးနေတာလား ငါလည်းမသိဘူး ရောချကြည့်တာ)

ဖားလေးကတော့ ရှောင်လုံဟန်သူ့ရဲ့ boss ရဲ့ခေါင်းလေးကို အခုထိနမ်းနေတာမရပ်သေးတာကြောင့် စိုက်ကြည့်နေလေတယ်
နောက်တော့ဖားလေး ဆက်မကြည့်နိုင်တော့ပဲ...

' bossကိုငါခွေးကိုယ်ထဲ ထည့်ပေးလိုက်အဆင်ပြေတယ် မဟုတ်ရင် အခုချိန်မှာငါရဲ့ boss အရိုးတစ်ခြားအသားတစ်ခြားစီဖြစ်နေမှာ..ရှောင်လုံဟန်ကလည်း ငါ့ရဲ့ boss ကိုနမ်းနေတာမရပ်သေးဘူး..မဖြစ်ဘူး ငါ့ရဲ့boss ကိုနှိုးမှ....'

ဖားလေးဟာ အိပ်နေတဲ့ခွေးလေးယန်ကို နှိုးဖို့အတွက်..လည်ချောင်းရှင်းကာ..

' အဟွတ်...အဟမ့်..ရလောက်ပြီ...1 2 3
boss ရေ...boss ထတော့....'

ဖားလေးရဲ့အော်သံကြောင့် ခွေးလေးယန်ဟာလန့်သွားပြီး..ထဟောင်လေတယ်..

" ဝုတ်...ဝုတ်....."
ဘယ်သေနာငါ့ကိုအော်လိုက်တာလည်း...ငါအိပ်နေတာကို မမြင်ဘူးလားမသိဘူး....ဘယ်မှာလည်း ဘယ်ကောင်ခေါ်တာလည်းကွ.

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now