Extra

4.6K 396 68
                                    


ကျွန်တော်နိုးလာတော့ အဖြူရောင်မျက်နှာကျတ်ကိုတွေ့လိုက်ရတယ်..သူအောက်စီဂျင်းဘူးကိုလည်း ရူနေရတယ်ဆိုတာလည်း သိလိုက်ရတယ်..သူဘေးဘီကိုလှည့်ကြည့်လိုက်တဲ့အခါ သူဘယ်သူ့ကိုမှမတွေ့ပေ။ ကောင်းကင်နတ်သားနေရာမှားပြီးတော့များ ပို့လိုက်သလားလို့တွေးနေတဲ့အချိန်မှာပဲ လူတစ်ယောက်ဝင်လာခဲ့တယ်..

ထိုသူဟာသတိရတဲ့ကျွန်တော်ဆီကို ပြေးလာပြီးမျက်ရည်လေးဝဲတဲတဲနဲ့ စကားတွေပြောနေခဲ့တယ်...အပြာရောင်မျက်ဝန်းလေးမှာမျက်ရည်စလေးများတွဲခိုရင်းပေါ့။ ထိုသူဟာသူ့ကိုချစ်ပေးပြီး ဂရုစိုက်ပေးတဲ့ပါးပါးကျော်ဇေထက်ပေါ့။ ပါးပါးကအသံကျယ်ကျယ်နဲ့ပြောနေလို့လားမသိဘူး..ကျွန်တော်အခန်းထဲကတခြားသူတွေလည်း ဝင်လာခဲ့တယ်..

အဲ့ထဲမှာ daddy သန့်ဇင်ထူးရောပေါ့။ ကျွန်တော်ကိုပျော်ရွင်နေတဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်..ဒေါက်တာတွေဟာအကုန်လုံးစစ်ဆေးပြီးတာနဲ့ မှာစရာရှိတာကိုမှာပြီး ထွက်သွားကြတယ်..ကျွန်တော်လည်းထထိုင်လိုက်ပြီး ကျွန်တော်ဘေးနားကပါးပါးကျော်ဇေထက်ကို လှမ်းဖက်လိုက်တယ်...

" ကျွန်တော်ပါးပါးနဲ့daddy တို့ကိုလွမ်းနေတာ.."

" ပါးပါးတို့လည်းလွမ်းတာပေါ့ သားလေးအိပ်ပျော်နေတဲ့တစ်နှစ်အတော်အတွင်း ပါးပါးတိုရူးမတက်ပဲသားလေးရယ်.."

" ဗျာ...တစ်နှစ်.."
ရှောင်ကျန့်အံ့သြသွားပြီး ကျော်ဇောထက်ကိုဖက်နေရာနေခွာလိုက်ကာ မေးလိုက်​တော့တယ်..ကျော်ဇေထက်ဟာတော့ ရှောင်ကျန့်ရဲ့ခေါင်းလေးကိုပုတ်လိုက်ပြီး...

" ဟုတ်တယ်သားလေး မင်းအိပ်နေတာတစ်နှစ်ရှိသွားပြီ မင်းသူငယ်ချင်းဝမ်ရိပေါ်ရောပေါ့ မင်းရဲ့နောက်သူငယ်ချင်းတစ်ယောက်ကတော့ တစ်လထဲနဲ့ဆေးရုံကဆင်းနိုင်ခဲ့တယ်လေ.. "

"......"

" သူကသားတို့ကိုအမြဲတမ်းလာလာကြည့်နေကြ...အမြဲတမ်းငိုနေတာ..."

" ရှောင်ကျန့်.."

ရှောက်ကျန့် ကျော်ဇေထက်ကိုစကားပြောမလို့ပဲရှိသေး..အခန်းပြင်ကနေလူတစ်ယောက်နာမည်လှမ်းခေါ်လိုက်တယ်..ကျော်ဇေထက်ရောရှောင်ကျန့်ရော သန့်ဇင်ထူးရောအသံလာရာကို လှည့်ကြည့်လိုက်ကြတယ်..ရှောင်ကျန့်နာမည်ကိုခေါ်တဲ့သူဟာ ဝမ်ရိပေါ်​ဖြစ်၏။ ဝမ်ရိပေါ်ဟာရှောင်ကျန့်နားကိုလျှောက်သွားခဲ့တယ်..

You've reached the end of published parts.

⏰ Last updated: Nov 03, 2021 ⏰

Add this story to your Library to get notified about new parts!

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now