Arc-4.7🐰

4.3K 531 31
                                    

( အပေါ်ကပုံလေးက ကိုဒေါင်းဆိုတဲ့တစ်ယောက်ရဲ့ပုံပါ နာမည်ကတော့မရေးတော့ဘူးရှည်လို့😆😆)

လွန်ခဲ့သော်တစ်ပတ်လောက်က

ရှောင်ကျန့်သူ့အရှေ့မှာပုံစံတစ်မျိုးပြောင်းလဲသွားတဲ့ ဇာတ်လိုက်မဒူယမ်ဖန်းကြောင့် အံသြနေရတယ်..ဒူယမ်ဖန်းပြောင်းလဲသွားတဲ့ပုံစံဟာ ရှောင်ကျန့်ဝင်နေတဲ့ကိုယ်နဲ့တူသော် ယုန်ဖြူလေးတစ်ကောင်လိုပြောင်းလဲသွားချင်းဖြစ်သည်။ ဒူယမ်ဖန်းကတော့ သူ့အရှေ့မှာအံ့သြနေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး...

" ဒီလောက်ဆိုရင်နင်သဘောပေါက်လောက်ပါပြီနော်...နင်သာသေရင်နင့်နေရာမှာငါအစားဝင်ပြီး ဘိုင်ရှိချန်းကိုအရယူမယ်....."

"..................."
အော်....ငါ့ရဲ့နေရာမှာသူမနေမလို့ကို နေရတဲ့အကြောင်းအရင်းကလည်း ငါ့ရိပေါ်ကိုယူမလို့ကြံနေတယ်ပေါ့ ငါ့ရဲ့ရိပေါ်ကိုများလိုချင်တယ် ငါသေမှရမယ်....ရိပေါ်ကလည်း သူဝင်တဲ့ကိုယ်တိုင်းကဘာလို့စွန်နေရတာလည်း...ငါကပဲအမြဲတမ်းလင်လုနေရတယ်...

" ကဲ ငါ့ရဲ့လုပ်ငန်းလေးစသင့်ပြီး...."
လို့ပြောရင်း ဒူယမ်ဖန်းမိန်းကလေးပုံစံကိုပြန်ပြောင်းလိုက်တော့တယ်...နောက်တော့ သူမရဲ့ခါးကြားလေးထဲကနေ ဓားတိုတစ်ချောင်းလေးကို ထုတ်ယူလိုက်လေတယ်..ထိုဓားနဲ့ သူမရဲ့လက်ဖဝါးကို လှီးရင်းနဲ့စကားတစ်ချို့ကိုရွတ်နေတော့တယ်....

ရှောင်ကျန့်ကတော့ ဒူယမ်ဖန်းအပြုအမူတစ်ခုချင်းဆီတိုင်းကို ကြည့်ပြီး

' ဖားလေး ဇာတ်လိုက်မဘာလုပ်နေတာလည်းကွ....'

' host ကိုသတ်မလို့လုပ်နေတာထင်တယ်..'

' သတ်မယ်ဆိုရင်ဒီတိုင်းဓားနဲ့ထိုးသတ်လို့ရတယ်လေ ဘာလို့ စုံစွမ်စိဂလုံဂလန်ကွိး လို့ရွတ်နေရတာလည်း.....'

' 😳😳😳😳 သူတကယ်အဲ့ဒါကြီးရွတ်နေတာလား..hostကြားတယ်ပေါ့....'

' အဟမ့်..ငါ့ဘာသာလျောက်ပြောတာ....'

' သောက်host လိ့ပဲ အကောင်းမှတ်လို့နားထောင်နေတာကို...ဟွန့်...hostဝင်နေတဲ့ကိုယ်က နတ်သားရဲလေး ရိုးရိုးသတ်လို့မှမရတာ....'

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now