Arc-7.14(end)

2.9K 315 35
                                    

ကျွန်မလုံးဝမထင်ထားခဲ့ဘူး ကျွန်မငယ်ငယ်လေးထဲကချစ်မိခဲ့တဲ့ကိုကိုက ဂေးတစ်ယောက်ဆိုတာပဲ။ ကျွန်မဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်ခဲ့တယ်..ကိုကို ကိုထိခိုက်နာကျင်စေတဲ့အရာတွေကိုလည်း ကျွန်မမလုပ်ချင်ဘူး။ ဒါ့ကြောင့်ကျွန်မအဝေးကနေသာကိုကို ကို ချစ်တော့မယ်လို့ဆုံးဖြတ်ခဲ့တယ်..

ကျွန်မတစ်ကယ်သိချင်မိခဲ့တယ် ကိုကိုသဘောကျတဲ့သူကဘယ်သူလည်းဆိုတာကို ဒါ့ကြောင့်ကျွန်မ ကိုကို ကိုစောင့်ကြည့်ဖို့လူတစ်ယောက်လွှတ်ခဲ့တယ်..အချိန်ကြာလာတော့ကိုကိုသဘောကျတဲ့သူက ဘယ်သူလည်းဆိုတာကိုသိခဲ့တယ်..ကျွန်မတို့ကုမ္ပဏီနဲ့ လက်တွဲထားတဲ့သူဌေးတစ်ယောက်ဆိုတာပေါ့။

ကျွန်မတစ်နေ့ကိုကိုဆီကိုသွားခဲ့တယ်..ကိုကိုဆိုင်ထဲတော့မဝင်ခဲ့ဘူး။ ကျွန်မရောက်တော့ကိုကိုရယ်မောနေတာကို ကျွန်မတွေ့ခဲ့တယ်..ကိုကိုတော်တော်လေးကိုပျော်နေခဲ့တာ ကိုကိုမျက်ဝန်းတွေကလည်းတစ်လက်လက်ကိုတောက်ပနေခဲ့တာ..ကျွန်မနှလုံးသားနာကျင်နေပေမဲ့လည်း ကိုကိုပျော်နေတာမြင်တော့ ကျွန်မအရမ်းပျော်တယ်...

သူများတွေအတွက်အချစ်ဆိုတာ မရရအောင်ရယူတက်ကြတဲ့အချစ်.. ဒါပေမဲ့ကျွန်မအတွက်ကတော့ ကျွန်မချစ်ရတဲ့လူသားကိုပျော်ရွင်အောင် လုပ်ပေးတာပဲ။ ဒါပေမဲ့တစ်နေ့ ကျွန်မအရမ်းကိုကို ကိုတွေ့ချင်တာကြောင့် ကိုကိုနေတဲ့အိမ်လေးကိုသွားခဲ့တယ်..ကျွန်မအဲ့ကိုလည်းရောက်ရော တစ်စုံတစ်ခုကို စိုးရိမ်နေတဲ့ကိုကို ကိုတွေ့လိုက်ရတယ်..

နောက်တော့ကိုကိုဟာ ကားမောင်းထွက်သွားခဲ့တယ်..ကျွန်မလည်းကိုကိုနောက်ကိုကားမောင်းပြီးလိုက်ခဲ့တယ်..ကိုကိုကားမောင်းတာတော်တော်မြန်မြန်တယ် ကျွန်မတောင်မောင်းနေကျနှုန်းထက်တောင်ပိုမောင်းခဲ့ရတယ်..ကိုကို ကိုမျက်ခြေပျက်သွားမှာဆိုးလို့ပေါ့။ နောက်တော့ ကိုကိုကားရပ်လိုက်တဲ့နေရာနဲ့ဝေးဝေးမှာ ကျွန်မကားကိုရပ်ခဲ့တယ်..

ကိုကိုကတော့ကျွန်မပါလာမှန်းမရိပ်မိခဲ့ဘူး။ ကိုကိုအိမ်အိုကြီးထဲဝင်သွားတာကို ကျွန်မကြည့်နေခဲ့။ ကျွန်မလည်းအိမ်ထဲလိုက်ဝင်ချင်ပေမဲ့လည်း ကိုကိုသိသွားမှာကြောက်တာကြောင့် မဝင်ခဲ့ဘူး။ ကျွန်မအချိန်တော်တော်ကြာစောင့်ခဲ့တယ် ကိုကိုထွက်မလာခဲ့ဘူး..နောက်တော့ကားတစ်စီးလည်းရောက်လာခဲ့တယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now