system နယ်မြေ

5.9K 540 74
                                    


ရှောင်ကျန့်သူ့ရဲ့နားနေခန်းလေးထဲကို ရောက်ရောက်ချင်းဖားလေးကိုလိုက်ရှာတော့တယ်....ခဏအကြာမှာ ရှောင်ကျန့်ရှေ့ကိုဖာလေးရောက်ရှိလာခဲ့တယ်..

' ဖားလေး မြန်မြန်ငါ့ရဲ့ဇယားကိုပြောပြတော့ ပြီးရင်သင်ရမဲ့ပညာရပ်တွေပေး..မြန်မြန်နောက်ကမ်ဘာကိုသွားရအောင် ရိပေါ်စောင့်နေလိမ့်မယ်.....'

' သောက်မြင်ကိုကပ်လာပြီနော်...ဘာတွေရွပိုးထနေတာလည်း...သောက်မြင်ကပ်လို့စကားဖြေးဖြေးလေးပြောလိုက်ရရင်တော့....'

' မလုပ်ပါနဲ့ဖားလေး...မြန်မြန်လေးတော့ပြောပေးပါကွာ....'

' ပြီးရော.... hostဇယားကိုပြော....host ..host ဘာဖြစ်တာလည်း.....'
ဖားလေးဟာသူ့ရဲ့host ကိုကြည့်ပြီးထိတိလန့်နေတော့တယ်..ဘာကြောင့်လည်းဆိုတော့ အဖြူရောင်အငွေ့တွေရစ်ပတ်နေချင်းကြောင့်ဖြစ်တယ်...

ဖားလေးတင်လန့်နေတာမဟုတ်ပဲ ရှောင်ကျန့်လည်းထိုအငွေ့တွေကိုကြည့်ပြီး ထိတ်လန့်နေလေတယ်...ထိုအငွေ့တွေဟာတစ်ဖြေးဖြေးချင်း ရှောင်ကျန့်တစ်ကိုယ်လုံးကိုရစ်ပတ်နေတော့တယ်...နောက်ဆုံးတော့ ထိုအငွေ့တွေဟာရှောင်ကျန့် ဝိညာဉ်ကိုခေါ်ဆောင်သွားကြတော့တယ်...

ဖားလေးဟာတော့ သူ့အရှေ့မှာတင်ပျောက်ကွယ်သွားတဲ့ သူ့ရဲ့host ကိုလိုက်ရှာနေတော့တယ်...သူနဲ့စိတ်ချင်းဆက်နွယ်ထားတဲ့ အစွမ်းကိုခြေယာခံနေပေမဲ့လည်း မည်သည့်သတင်းမှရမလာပေ။ နောက်ဆုံးတော့ဘယ်လိုမှ လုပ်မရတဲ့နောက်ဆုံးကောင်ကင်နတ်သားဆီကိုသာသွားတော့သည်။

ရှောင်ကျန့်ကတော့ဖြစ်ပျက်နေတဲ့အရာတွေကို လိုက်လို့မမှီပေ။ ဘာကြောင့်လည်းဆိုတော့ အဖြူရောင်အငွေ့ရဲ့ခေါ်ဆောင်ရာနေရာကို ရောက်ရောက်ချင်း အရိုက်ခံလိုက်ရလေတယ်...သူပြန်ခုခံဖို့ကြိုးစားပေမဲ့လည်း သူ့ရဲ့ကိုယ်ကပြောင်းလဲနေတာကိုသတိပြုမိခဲ့တယ်...

အခုဆိုရင်ရှောင်ကျန့်ဟာ မြင်ခင်းပြင်ပေါ်မှာ ကိုယ်ကိုကျုံ့ကာနေရင်း သူ့ကိုရိုက်နေတာကိုခံနေရတော့တယ်..သူ့ကိုရိုက်နေတဲ့သူတွေဟာကလေးတစ်သိုက်ဆိုတာကိုတော့ ရှောင်ကျန့်သတိထားမိခဲ့တယ်......ခနအကြာမှာတော့ ရှောင်ကျန့်ကိုရိုက်နေတဲ့သူတွေဟာရပ်လိုက်ပြီး..ရှောင်ကျန့်ကို....

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now