သိဖို့အချိန်တန်ပြီ( သိဖို႔အခ်ိန္တန္ၿပီ)

2.9K 321 41
                                    

( အပေါ်ကတစ်ယောက်က တစ်ခြားသူမဟုတ်ဘူးဖားလေးပဲ~~~ ဒါကြောင့်ဖားလေးကိုocမိတာအမှားလား...သူ့မျက်လုံးအပြာမှာအနီရောင်လေးလို့ မြင်ကြည့်ကြည့်လိုက်အမလေးးသေနိုင်တယ်..)

' system နယ်မြေကနေပြန်လည်ကြိုဆိုပါတယ်..'

" အင်း..ဖားလေးငါ့ကိုအရင်ဦးဆုံး point ပြောပြပါလား.."

' ok လေ အရင်တုန်းကရှိတဲ့ point- 19720 ရှိပါတယ် ပြီးခဲ့တဲ့ကမ်ဘာမှာတုန်းက ဆန္ဒအကုန်ဖြည့်ဆည်းပေးနိုင်တာကြောင့်point- 17500 ရသွားပါပြီ အဲ့ထဲကနေhostသုံးထားတဲ့ pointတစ်ချို့ကိုပြန်နှုတ်လိုက်ရင် point- 16600ကျန်ရှိပါသေးတယ်..အရင်ကpointနဲ့အားလုံးပေါင်းလိုက်ရင် point-36320 ရှိတယ်..

" နောက်ဆုံးတော့ 30000 ကျော်သွားပြီပဲ ဖားလေးရေ အဲ့pointတွေထဲက point-30000 ကိုနှုတ်လိုက် မင်းလူပုံစံပြောင်းလို့ရမဲ့ထဲကိုထည့်လိုက်.."

' host... တ..တကယ်ပဲ point-30000 ကိုပေးတော့မှာလား နောက်ကမ်ဘာတွေကြရင်ဘယ်လိုလုပ်မလဲ..'

" အားယားစကားများလိုက်တာ နှုတ်စရာရှိတာနှုတ် မင်းမြန်မြန်လူပြောင်းမှအေးမယ် ဒါမှမင်းလည်းလင်ရပြီး ငါနဲ့ရိပေါ်ကြားကိုမနှောက်ယှက်တော့မှာ.."

' လိ့လား..'
တကယ်တော့ ဖားလေးကိုသာရှောင်ကျန့် လူပုံစံမပြောင်းပေးနိုင်ရင် ဖားလေးတစ်သတ်လုံးဖားလေးတစ်ကောင်ပုံစံနဲ့​ ​နေရမှာဖြစ်တယ်..ဖားလေးအခုအတော်လေးပျော်နေ၏။ သူ့ရဲ့မူလပုံကိုပြောင်းနိုင်တာကြောင့်ပေါ့။

ဒါနဲ့ပဲ ရှောင်ကျန့်ဆီကpoint-30000 ကိုနှုတ်လိုက်ပြီး ဖားလေးလူပုံစံပြောင်းဖို့ စတင်တော့တယ်..ရှောင်ကျန့်ဟာတော့ သူ့ရဲ့ဖားလေးလူပုံစံပြောင်းတာကို စောင့်ကြည့်နေတော့သည်။

ရှောင်ကျန့်ဖားလေးရဲ့ပုံစံပြောင်းလဲနေမူ့ကို ကြည့်နေတုန်းမှာပဲ ဖားလေးရဲ့လူပုံစံဟာသူ့ကိုအကြီးအကျယ်ထိန့်လန့်စေတယ်..သူမက်ခဲ့တဲ့အိမ်မက်ထဲကကောင်လေးနဲ့ လုံးဝကိုဆင်တူတယ် ပင်လယ်ရေလိုမျိုးအပြာရောင်လေး ဆံနွယ်လေးဟာလည်းအဖြူရောင်လေး တစ်ပုံစံထဲသာတူသည်။

ရှောင်ကျန့်သူ့ပါးပြင်ပေါ်ကို အရည်တစ်ချို့ကျလာတာကိုသိလိုက်တယ်..သူအဲ့အရည်ကိုသုတ်မအား.. သူရင်းနှီးနေတဲ့သူဆီကိုပြေးသွားကာဖက်နေတော့တယ်..လူပုံစံပြောင်းလဲသွားတဲ့ဖားလေးကလည်း သူ့ကိုငိုပြီးဖက်နေတဲ့ ရှောင်ကျန့်ကိုပြန်ဖက်ကာ..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now