Arc-7.5

2.8K 360 59
                                    

( အပေါ်ကတစ်ယောက်ကတော့ ဒုတိယဇာတ်လိုက်ရဲ့အမ ကွေ့ဝေမန်ပါ)

ကွေ့ဝေမန်ဟာတော့ သူတို့နေ့ခင်းစာစားဖြစ်နေတဲ့ အခန်းထဲလည်းရောက်ရော ကြောင်နေသလိုဖြစ်နေတဲ့ ချန်းစမ်းလုံကိုဆီသွားကာ ပါးရိုက်လိုက်တော့တယ်..

ဖြောင်း...

" နင်ပြောတော့ ရှောင်ကျန့်ကအရမ်းမုန်းဖို့ကောင်းတာဆို အခုကျတော့ဘယ်လိုဖြစ်တာလည်း.."

" သူ..သူလိမ်နေတာဖြစ်တယ်.."

" လိမ်တယ်ဟုတ်လား..အဲ့ဒါဆိုရင်နင်ပြောကြည့်စမ်း နင်ပိုက်ဆံကောက်ရတာကိုငါနဲ့ငါ့မောင်​ပဲသိတာလေ.. သူကဘယ်လိုသိမှာလည်း.."

"....."
ချန်းစမ်းလုံပြန်ပြီးမချေပနေပေ။

" တောက်စ်..ငါဖြင့်ရှောင်ကျန့်ကိုသနားလို့သေတော့မယ်..ဒီ၈နှစ် ၈နှစ်လုံးလုံးသူနင့်ကို အမြဲတမ်းနောက်ကွယ်ကနေကြည့်နေခဲ့တာလေ.."

" ကျွန်..ကျွန်တော်..မသိတော့ဘူး.."

" ငါ့ရဲ့လူတွေကိုအကြောင်းစုံ စုံစမ်းခိုင်းလိုက်မယ် အဲ့ဒါဆိုရင်အဖြေပေါ်နိုင်လိမ်မယ်.."
လို့ပြောပြီး ဖုန်းခေါ်မလို့ပဲရှိသေး..တိတ်နေသော် ကွေ့လုံရံဟာ..

" စုံစမ်းစရာမလိုဘူးကျွန်တော်မှာ ရှောင်ကျန့်ရဲ့အကြောင်းတွေရှိတယ်.."

" ဘာ..တကယ်လားအဲ့ဒါဆိုရင်အစ်မကိုပြအုန်း.."

" ခဏလေးအစ်မ ကျွန်တော်ရဲ့မန်နေဂျာကိုယူလာခိုင်းလိုက်မယ်.."

" ပြီးရော.."
ချန်းစမ်းလုံကို မျက်စောင်းထိုးလိုက်ပြီးထိုင်ခုံမှာ စိတ်ညစ်ညစ်နဲ့ထိုင်ချလိုက်တော့တယ်..ချန်းစမ်းလုံကတော့ ရှောင်ကျန့်ပြောသမျှတွေဟာ အမှန်မဖြစ်ပါစေနဲ့လို့သာဆုတောင်းရင်း ရှောင်ကျန့်ရဲ့အကြောင်းကိုသိဖို့စောင့်နေလိုက်တယ်..

တကယ်လို့သာရှောင်ကျန့်ပြောသမျှတွေဟာ အမှန်သာဆိုရင်သူရှောင်ကျန့်ကို မျက်နှာချင်းဆိုင်ရဲမှာမဟုတ်သလို သူအရင်ကပြောဆိုထားမိတဲ့ပါးစပ်ကို လှီးထုတ်ချင်တဲ့စိတ်တွေလည်းပေါ်လာမှာ သေချာတယ်..ကွေ့လုံရံကတော့ စိတ်လှုပ်ရှားနေတဲ့ချန်းစမ်းလုံကို..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now