Arc-2.12

5.5K 537 40
                                    

( အပေါ်ကပုံလေးကိုတစ်ချက်လောက် နှိပ်ကြည့်ပေးပါ ကျန့်ကျန့်လေးရဲ့ပုံပါ)

ဇာတ်လိုက်- ရှောင်လုံဟန်
ဇာတ်လိုက်မ-လင်လော့ကျင်း
ဒုတိယဇာတ်လိုက်- လင်းမင်း
Mcဝင်တဲ့ကိုယ် - ရှောင်ကျန့်

သူ့ကိုချစ်တဲ့သူက တစ်ခါနသာလင်းမင်းသာဆိုရင်တော့ ရှောင်ကျန့်စိတ်မကောင်းဖြစ်မိမှာအမှန်ပေ။ ရိပေါ်သာဆိုရင်တော့ ရှောင်ကျန့်အပျော်လွန်းအားကြီးသွားမှာ သေချာလှတယ်..ဒါပေမဲ့အခုတော့ သူ့ကိုချစ်တဲ့သူဟာ ရိပေါ်လားဒါမှမဟုတ် ရိပေါ်ရဲ့အစိတ်အပိုင်းလေးတစ်ခုလားဆိုတာကို ရှောင်ကျန့်စဥ်းစားကျပ်သွားလေတယ်..

လင်းမင်းဟာတော့ အတွေးလွန်နေတဲ့ ရှောင်ကျန့်ကြောင့် သူ့ကိုများရှောင်ကျန့်လေးမကြိုက်ဘူးထင်ကာ စိတ်ထဲဘဝင်မကျဖြစ်ပေမဲ့... ထိုစိတ်ကိုပြန်လျော့ချလိုက်ပြီး ရှောင်ကျန့်ပေးမဲ့အဖြေကိုသာစောင့်နေလေတယ်..

တကယ်လို့သာ ပေါက်စီလေးငါ့ကိုငြင်းရင် ငါပေါက်စီလေးကို အခန်းထဲမှာသော့ခတ်သိမ်းထားမယ်..ထွက်ပြေးလို့မရအောင်ကို သိမ်းထားရမယ်..ပေါက်စီလေးငါ့ကိုမုန်းသွားရင် ငါ့အနားမှာပေါက်စီလေးရှိဖို့က အဓိကပဲကျန်တာမလိုဘူး...တဖြည်းဖြည်းနဲ့ ငါ့ကိုသဘောကျလာအောင် ငါကြိုးစားမယ်...

ငါ့ဆီကနေတစ်နှစ်လောက်ထွက်ပြေးပြီးပြီး ထက်ပြီးထွက်ပြေးလို့မရအောင် ငါချုပ်နှောင်ထားမယ်..ပြေးပေါက်မရှိအောင် ငါလုပ်ထားရမယ်..

" ကျွန်တော်လင်းမင်းကိုချစ်တယ်..."

"................."
လင်းမင်းဟာ ရှောင်ကျန့်သူ့ကိုမချစ်ဘူးထင်ကာ ထွက်ပြေးဖို့လုပ်ရင် ပိတ်လှောင်ထားဖို့ကြံထားပေမဲ့ သူမထင်မှတ်ထားတဲ့အဖြေကိုလည်းကြားရော စိတ်တွေလှုပ်ရှားပြီး စကားထစ်ထစ်နဲ့

" တ..တကယ်ပြောတာလား..ပေါက်စီလေး..."

" အင်း တကယ်ကျွန်တော် လင်းမင်းကိုချစ်တယ်...."

" ဝမ်းသာလိုက်တာ...... "
လို့ပြောရင်း ရှောင်ကျန့်ရဲ့ကိုယ်လေးကို ပြန်ဖက်ထားလေတယ်..လင်းမင်းဟာအရူးတစ်ယောက်လိုမျိုးပျော်ရွင်မြူးတူး​နေလေတယ်..သူကြားလိုက်ရတဲ့စကားကိုတောင် မယုံကြည်နိုင်လောက်အောင်ဖြစ်သွားလေတယ်....

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now