Arc-7.7

2.7K 346 35
                                    


ချန်းစမ်းလုံဟာမနက်ထဲက တစ်ယောက်ထဲရှုပ်ရှက်ခက်နေခဲ့တယ်..ဝတ်စုံများကိုလည်းဝတ်လိုက်ပြန်ချွတ်လိုက်နဲ့ပေါ့။ အရင်ကနဲ့မတူတစ်မူထူးခြားအောင်ဆိုပြီး စမ်းဝတ်နေခဲ့တာဖြစ်တယ်..ဘာကြောင့်လည်းဆိုတော့ရှောင်ကျန့်ကိုသွားတွေ့မှာကြောင့်ဖြစ်တယ်..​နောက်ဆုံးတော့ ရှောင်ကျန့်ကြိုက်လောက်မဲ့ဝတ်စုံတွေကိုသာ ရွေးချယ်လိုက်တယ်..ရှောင်ကျန့်ဆီကိုဦးတည်နေတော့တယ်..

သူရှောင်ကျန့်ရဲ့ဆိုင်ပေါက်ဝလည်းရောက်ရော လက်ချင်းကိုင်ထားတဲ့သူနှစ်ယောက်ကြောင့် အသေဒေါသထွက်လာခဲ့။ တစ်ယောက်ကသူချစ်ရတဲ့သူ ရှောင်ကျန့်၊ နောက်တစ်ယောက်ကသူခင်တွယ်ရတဲ့ သူငယ်ချင်းကွေ့လုံရံ။ သူတို့နှစ်ယောက်သူ့နောက်ကွယ်မှာဒီလိုမျိုးလုပ်နေလိမ်မယ်လို့ တစ်ခါမှမတွေးမိ။

သူအခုသိတာကသူခင်ခဲ့တဲ့ သူ့သူငယ်ချင်းကိုသတ်ချင်တာပဲ။ သူချစ်ရတဲ့သူကိုမှလာပတ်သတ်နေတဲ့သူကို သူဒီတိုင်းထားမည်မဟုတ်။ ချန်းစမ်းလုံဟာ ရှောင်ကျန့်တို့ဆီကို​ပြေးသွားပြီး ရှောင်ကျန့်လက်ကိုကိုင်ထားတဲ့ကွေ့လုံရံရဲ့ လက်ကိုပုတ်ထုတ်လိုက်ပြီးရှောင်ကျန့်လက်ကိုသူကိုင်လိုက်တယ်..

သူကိုင်လိုက်တဲ့လက်ဟာရှောင်ကျန့်ဓားဒဏ်ရာထိထားတဲ့လက်ဖြင့်တာကြောင့် အနာကိုထိသွားခဲ့တယ်..ရှောင်ကျန့်လည်းနာသွားတာကြောင့် ချန်းစမ်းလုံရဲ့လက်ထဲကနေရုန်းထွက်လိုက်တော့တယ်..ကွေ့လုံရံဟာတော့ချန်းစမ်းလုံကိုရှိတယ်လို့တောင်မထင်ပေ။ရှောင်ကျန့်နားကိုတိုးသွားလိုက်ပြီး နာသွားတဲ့လက်လေးကိုတယုတယကိုင်လိုက်ကာ..

" ရှောင်ကျန့်လေးဆီမှာဆေးရှိလား ကိုထည့်ပေးမယ်.."

" ရတယ် ကျွန်တော်ဘာသာသွားထည့်လိုက်မယ်.."
လို့ပြောပြီး အနောက်ခန်းထဲကိုပြေးသွားတော့တယ်..ကွေ့လုံရံကတော့ရှောင်ကျန့်ပြေးသွားတဲ့ဘက်ကိုကြည့်နေတာမရပ်သေး။ ရှောင်ကျန့်ရဲ့လက်လေးသက်သာပါ့မလားဆိုပြီး စိုးရိမ်နေခဲ့တယ်..မေ့မျော့ခံထားရတဲ့ချန်းစမ်းလုံကတော့..

" ကွေ့.လုံ.ရံ မင်းဘာအချိုးချိုးတာလည်း သူကငါ့ဟာနော်.."
ဆိုပြီးကွေ့လုံရံကို ချန်းစမ်းလုံဟာဒေါသတကြီးဖြင့်ပြောလိုက်တယ်..ကွေ့လုံရံကတော့ ခုနကစိုးရိမ်နေတဲ့မျက်နှာအမူအရာကနေ စောက်ဂရုမစိုက်တဲ့မျက်နှာအမူအရာမျိုးပြောင်းသွားပြီး ချန်းစမ်းလုံကိိုစိုက်ကြည့်ကာ..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now