Arc-2.13

5.2K 531 92
                                    

(အပေါ့ကပုံလေးက လင်းမင်းပုံလေးပါ)

ဇာတ်လိုက်- ရှောင်လုံဟန်
ဇာတ်လိုက်မ- လင်လော့ကျင်း
ဒုတိယဇာတ်လိုက်- လင်းမင်း
Mcဝင်တဲ့ကိုယ် - ရှောင်ကျန့်

ဘာလိုလိုနဲ့အချိန်တစ်လဟာ ဖင်လှည့်ခေါင်းလှည့်နဲ့ကုန်ဆုံးသွားခဲ့တယ်...ရှောင်ကျန့်နဲ့လင်းမင်းတို့နှစ်ယောက်ကတော့ တစ်ဦးကိုတစ်ဦးထားရှိတဲ့ အချစ်တွေနဲ့အဆင်ပြေနေကြတယ်..ရှောင်ကျန့်လင်းမင်းကိုအဖြေပေးလိုက်တဲ့နေကစပြီး နှစ်ယောက်သားစားလည်းအတူတူ အိပ်လည်းအတူတူ သွားလမ်းအတူတူ ရုပ်စွဆုံး ရေချိုးတာတောင်အတူတူချိုးကြတယ်...

ရှောင်ကျန့်လေးကတော့ လင်းမင်းရှေ့မှာဆိုရင် ကလေးတစ်ယောက်လိုပြုမူတက်တယ် လင်းမင်းဟာလည်း ရှောင်ကျန့်ရဲ့ကလေးအပြုအမူလေးကို ချစ်နေရတယ်..ထမင်းစားရင်လည်း လင်းမင်းကရှောင်ကျန့်လေးကို အမြဲတမ်းခွန့်ကျွေး...ရှောင်ကျန့်ကလည်းမငြင်း လင်းမင်းကျွေးသမျှအကုန်စား...

ရေချိုးရင်လည်းလင်းမင်းကိုယ်တိုင် ရှောင်ကျန့်လေးကိုကိုယ်တိုင်ချိုးပေး ချိုးပေးရင်လည်းအလကားမဟုတ် အဖိုးအခတော့ရှောင်ကျန့်ပေးရ၊ အဲ့ဒါကတော့ papaပါပဲ၊ ရေချိုးတိုင်းလည်း papa ၊ အိပ်ရင်လည်း papa ရှောင်ကျန့်မသေတာကံကောင်း၊

ရှောင်ကျန့် လင်းမင်းနဲ့ papa ဖြစ်ပြီးတိုင်း ဖားလေးဆီကနေ အကိုက်ခဲပျောက်ဆေးအမြဲတမ်းဝယ်ရ၊ ဖားလေးကလည်း အကျင့်ယုတ်ပြီး point တောင်းရင်လည်းအများကြီးတောင်းပြစ်၊ ရှောင်ကျန့်သူ့ကိုတောင်းရင်တောင် ပြန်မပြောအား ဘာကြောင့်လည်းဆိုတော့ လင်းမင်းဆီမှာအလုပ်ခံရတိုင်း လက်လေးတစ်ချောင်းတောင် မထောင်နိုင်တဲ့အထိ ခံရတာဖြစ်တယ်...

ဒါပေမဲ့ လင်းမင်းရဲ့အလိုတော်အတိုင်း ရှောင်ကျန့်မငြင်းဆံခဲ့ ၊ ဖားလေးကတော့ပြောရှာပါတယ် ပင်ပန်းရင်ငြင်းလိုက်လို့ ရှောင်ကျန့်ဖြောင်ဖြတယ် ဒါပေမဲ့​ရှောင်ကျန့်ကတော့ အမြဲတမ်းစကားတစ်ခွန်းပဲ ပြန်ပြောခဲ့တယ်..ချစ်လို့သည်းခံတာတဲ့...

ရှောင်ကျန့်အဲ့စကားပြောတိုင်း ဖားလေးရဲ့သာယာနာပျော်ဖွယ် ဆဲတဲ့အသံတွေကိုကြားခဲ့ရတယ်..ဒါတောင်ရှောင်ကျန့်ကတော့အပြုံးမပြတ် ၊ ဖားလေးဆဲတိုင်း ပြုံးပြုံးကြီးနဲ့ကြည့်နေခဲ့တယ်...ဒါပေမဲ့ရှောင်ကျန့်နှခမ်းသားလေးကသာ ပြုံးနေခဲ့တာဆိုပေမဲ့ ရင်ထဲအသဲထဲကနေလာတဲ့ အပြုံးမျိုးမဟုတ်ခဲ့ဘူး...

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now