Arc-2.8

5.3K 586 12
                                    

ဇာတ်လိုက်- ရှောင်လုံဟန်
ဇာတ်လိုက်မ - လင်လော့ကျင်း
ဒုတိယဇာတ်လိုက် - လင်းမင်း
Mc ဝင်တဲ့ကိုယ် - ရှောင်ကျန့်

ခတ်အခန်းထဲကိုဝင်ရောက်လာတာနဲ့ လင်လော့ကျင်းဟာ လင်းမင်းရဲ့ခြေထောက်ကိုဖက်နေရာကနေ ခွာလို​က်ပြီး ခတ်ဆီပြေးသွားကာ..

ဖြောင်း ( ပါးရိုက်သံ)
" နင် လင်းမင်းကို ဘာတွေပြောထားတာလည်း..နင့်ကြောင့်လင်းမင်းငါ့ကို မချစ်တော့ဘူး..သိလား..နင်ပြောစမ်းလင်းမင်းကိုဘာတွေပြောထားတာလည်း ပြောလို့....."

လင်လော့ကျင်းဟာခတ်ဆိုတဲ့ တစ်ယောက်ရဲ့ ရင်ဘက်နားကအီကျီကိုစုတ်ကိုင်ကာ လှုပ်ခါရင် ပါးစပ်ကနေလည်း မေးခွန်းတွေမေးလေတယ်..ခတ်ဟာတော့ သူပါးရိုက်ခံရလိမ့်မယ်လို့ လုံးဝကိုမထင်ခဲ့တာကြောင့် ကြောင်အသွားပြီး..လင်လော့ကျင်းမေးနေတာကို မဖြေနိုင်သေးပေ။

ရှောင်လုံဟန်ကတော့ ခွေးလေးယန်ကိုပွတ်နေရင်း ပြဇာတ်တစ်ပုဒ်ကိုကြည့်နေရသလိုမျိုး..စိတ်ဝင်တစားနဲ့ကြည့်နေလေတယ်..
လင်းမင်းဟာတော့ သူ့ရဲ့လက်အောက်ငယ်သားဖြစ်တဲ့အပြင် အယုံကြည်ရဆုံးသူကို ပါးရိုက်လိုက်တာကြောင့် ဒေါသတကြီးထလာပြီး လင်လော့ကျင်းကိုတွန်းချလိုက်လေတယ်...

လင်လော့ကျင်းဟာတော့ အရှိန်မထိန်းနိုင်တော့ပဲ ကြမ်းပြင်ကိုလဲကျသွာသလေတယ်..သူမကိုမည်သူကမှမထူကြပေ။ လင်လော့ကျင်းဟာတော့ သူနာနေတာကိုမမူပဲ ပြန်ထလာပြီး..လင်းမင်းကို...

" ဘာမဟုတ်တဲ့လက်အောက်ငယ်သားကြောင့် ရှင်ကျွန်မကိုတွန်းချတယ်ပေါ့ ဟုတ်လား... ကျွန်မကသူ့ထက်တောင်အရေးကြီးတဲ့ သူနော်..သူကတော့ စောက်သုံးမကျတဲ့ အစေခံသာသာ...ဖြောင်း( ပါးချသံ) ......."

လင်လော့ကျင်းဟာတော့ သူမရဲ့ပူထူနေတဲ့ ညာဘက်ပါးလေးကို ကြောင်အစွာကိုင်ပြီး သူ့ကိုရိုက်လိုက်တဲ့ လင်းမင်းကိုစိုက်ကြည့်နေလေတယ်..လင်းမင်းဟာသူ့ရဲ့လက်အောက်ငယ်သားကို စကားလုံးရိုင်းရိုင်းတွေနဲ့ ပြောနေတာကြောင့်....

ဒေါသအလွန်ထွက်လာကာ ရိုက်ချလိုက်တာဖြစ်တယ်..လင်းမင်း လင်လော့ကျင်းကိုပါးရိုက်လိုက်တဲ့အချိန်မှာတော့ ဧည့်ခန်းထဲမှာရှိတဲ့သူတွေ အကုန်လုံးအံ့သြတုန်လှုပ်သွားပြီး..သူတို့မြင်နေရတာကာ အိမ်မက်များလားဆို​ပြီး ထင်မှတ်နေကြလေတယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now