Arc-7.9

2.5K 334 56
                                    


" လင်းယောင်တစ်ကိုယ်လုံးစိုစွဲနေတာပဲ လာလာအထဲထဲကိုမြန်မြန်ဝင်ခဲ့.."
ရှောင်ကျန့်ပြောရင်း လင်းယောင်ရဲ့လက်ကိုဆွဲကာဆိုင်တွင်းထဲ ခေါ်လာလိုက်တယ်..လင်းယောင်ကတော့ လမ်းတစ်ဝက်မှာပဲထိုင်ချကာငိုနေပါရော။ ရှောင်ကျန့်နဲ့ကွေ့လုံရံတို့ကတော့ လင်းယောင်ရဲ့ဘေးနှစ်ဖက်ဆီကိုသွားကာ လင်းယောင်ရဲ့ကျော်လေးကိုပွတ်ပေးရင် တိတ်တိတ်လေးသာနေနေပေးကြတော့တယ်..

တစ်ခြားသူငိုနေရင်ဘာမှမမေးပဲ ဒီတိုင်းထားပြီးငိုခိုင်းလိုက်ရင် ပိုပြီးရင်ထဲပေါ့သွားနိုင်တယ်လို့ သူတို့နှစ်ယောက်တွေးမိတာကြောင့် နေနေတာဖြစ်တယ်...လင်းယောင်အားရပါးရနဲ့ငိုပြီးသွားတဲ့အခါ ထရပ်လိုက်ပြီးဆိုဖာပေါ်မှာသွားထိုင်တော့တယ်..ရှောင်ကျန့်ကတော့ လင်းယောင်ရဲ့ဆိုနေသော်ခေါင်းကိုပါဝါဖြင့်သုတ်ပေနေတော့တယ်..ကွေ့လုံရံကတော့ လင်းယောင်နဲ့မျက်နှာချင်းဆီမှာထိုင်နေလေသည်။

အပြင်ဘက်၌မိုးများသည်းထံအောင်ရွာနေတဲ့အပြင် လျှပ်စီးများလည်းလက်နေတော့သည်။ ထိုဆိုင်လေထဲ၌တိတ်ဆိတ်မူ့ကြီးဆိုးနေ၏။ လင်းယောင်ဟာသူရင်ထဲနည်းနည်းပေါ့သွားတာနဲ့..သူမဖြစ်ခဲ့သမျှကိုအကုန်ပြောပြတော့တယ်..

လွန်ခဲ့သော်မိနစ်၂၀က..

လင်းယောင်ဟာသူ့ရဲ့ချစ်သူကောင်လေး ချိန်းဆိုသော်စားသောက်ဆိုင်လေးထဲသွားခဲ့တယ်..သူမဝင်ထိုင်ချင်းချင်းသူမချစ်သူကောင်လေးက လမ်းခွဲဖို့ပြောခဲ့တယ်..လင်းယောင်ကသူ့ကောင်လေးကိုချစ်နေတာကြောင့် ဘာလို့လမ်းခွဲရတဲ့အကြောင်း၊ သူမလမ်းမခွဲချင်သေးတဲ့အကြောင်း တွေပြောပြခဲ့။

ထိုအခါတုန်းကကောင်လေးဘာကြောင့်လမ်းခွဲရတာလည်းဆိုတဲ့အကြောင်း လင်းယောင်ကိုပြောပြခဲ့တယ်..ဘာကြောင့်လည်းဆိုတော့ လင်းယောင်ဟာသူ့ကိုအရေးမပေးပဲ သူငယ်ချင်းဖြစ်သူကိုအရေးပေးတဲ့အ​ကြောင်း၊ သူတို့ချိန်ဆိုတိုင်းလင်းယောင်က သူ့သူငယ်ချင်းကြောင့်မလာတဲ့အကြောင်း၊ သူ့ကိုချစ်သူအနေနဲ့မတော်ပဲ သူငယ်ချင်းဆိုတဲ့တစ်​ယောက်နဲ့ချစ်သူတော်လိုက်ဆိုပြီး ပြောခဲ့တယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now