Arc-7.4

2.7K 370 61
                                    

( အပေါ်ကတစ်​ယောက်ကတော့ ဒုတိယဇာတ်လိုက် ကွေ့လုံရံပါ)

ဒီလိုနဲ့ပဲ အချိန်တစ်ပတ်ဟာကုန်ဆုံးသွားခဲ့ပြီ။ ရှောင်ကျန့်ကတော့ ပန်းအလှဆင်သော်လုပ်ငန်းကိုလုပ်ကိုင်ခဲ့တယ်..ဆိုင်ခန်းသေးသေးလေးထဲ၌ ပန်းများစွာနဲ့အဖော်ပြုရင်း ထိုတစ်ပတ်ကိုကုန်ဆုံးခဲ့တယ်..ရှောင်ကျန့်ရဲ့ဆိုင်လေးဟာလည်း နာမည်အနည်းငယ်ကြီးလာခဲ့။

ဘာကြောင့်လည်းဆိုတော့ ရှောင်ကျန့်ဟာလိုင်းပေါ်၌သူဘာအလုပ်လုပ်တယ်ဆိုတဲ့အကြောင်း တစ်နေ့သာဖြတ်သန်းသမျှကိုပုံရိုက်ကာစာတွေလည်းတင်ခဲ့တယ်..ရှောင်ကျန့်မှာ fri၅သောင်းကျော်တောင်ရှိလာခဲ့ပြီ။ ရှောင်ကျန့်ကိုလိုချင်ကြသော် မိန်းကလေးများစွာရှိတဲ့အပြင် ယောကျာ်းလေးများစွာကလည်းရှောင်ကျန့်အတွက် ဂေးပေးချင်ခဲ့ကြတယ်..

ရှောင်ကျန့်ကိုချစ်ခွင့်ပန်သူများစွာလည်း ရှိသေး။ ရှောင်ကျန့်ကတော့အားလုံးကိုငြင်းပယ်လိုက်တယ်..သူ့ကိုချစ်ခွင့်ပန်တဲ့သူတွေထဲ၌ ရိပေါ်လေးများပါမလားဆိုပြီး စုံစမ်းရတာလည်းအမော်။ အခုချိန်ထိတော့ရိပေါ်လေးကိုမတွေ့သေး။ ရှောင်ကျန့်ကိုအခုတလော စောင့်ကြည့်နေကြတဲ့သူများလည်းရှိတယ်..

ရှောင်ကျန့်ကိုစောင့်ကြည့်နေကြတဲ့သူတွေရဲ့ နောက်ကွယ်ကသူတွေကတစ်ယောက်ထဲမဟုတ်။ သုံးယောက်တောင်ဖြစ်တယ်...ထိုသုံးယောက်ကတော့ ဇာတ်လိုက်ရယ်ဇာတ်လိုက်မရယ် ဒုတိယဇာတ်လိုက်တို့သာဖြစ်တယ်..ရှောင်ကျန့်ဆိုရင်သူ့ကိုစောင့်ကြည့်နေတဲ့သူတွေက ထိုသုံးယောက်ဆိုတာလည်းသိရော မအံ့သြပဲမနေနိုင်။

ဇာတ်လိုက်စောင့်ကြည့်နေတယ်ဆိုရင်တော့ ခံသာသေး။ ဒါပေမဲ့အခုတော့သူမသိတဲ့ ဇာတ်လိုက်မနဲ့ဒုတိယဇာတ်လိုက်တို့လည်းပါနေသေးတာဆိုတော့ ခေါင်းစားခဲ့ရတယ်..ဖားလေးကိုpointပေးပြီးမေးတော့လည်း ဖားလေးကမကူညီပေးနိုင်ခဲ့။ ဖားလေးကိုယ်တိုင်ကမကူညီချင်လို့မဟုတ်ပေ။ စည်းမျည်းစည်းကမ်းတွေကြောင့်ဖြစ်တယ်..

ဒါ့ကြောင့်သူနောက်ထက်ဖားလေးကို ထက်မမေးတော့။ မကြာခင်သူ့ဆီကိုလာလိမ်မယ်လို့ တွေးမှတ်ပြီးဂရုမစိုက်ပဲ နေနေလိုက်တယ်..ဒါပေမဲ့ဒုတိယဇာတ်လိုက်ကိုတော့ နည်းနည်းတော့အာရုံထားမိ။ ရိပေါ်ကဒုတိယဇာတ်လိုက်ဖြစ်မယ်လို့လည်း တွေးမိသေးတယ်..ဒုတိယဇာတ်လိုက်သာသူ့ရှေ့ပေါ်လာရင်တော့ အကဲဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now