Arc-5.12

2.8K 362 15
                                    


ကျွန်တော်နာမည်က အိုဆစ်ဂျွန်း၊ တစ်ဦးတည်းသော်သား မိဘများကလည်းမျက်နှာတစ်ချက်မညိုးအောင်ထားပေးတယ်..လိုချင်တာရတဲ့ဘဝမျိုးလေး ကျွန်တော်ကိုလည်းသဲသဲလှုပ်ချစ်ကြတယ်.. ကျွန်တော်ဘာပဲလုပ်လုပ်သူတို့မပြောဘူး လွှတ်ပေးထားကြတယ်..

ကျွန်တော်မှာဝါသနာတစ်ခုရှိတယ်..အဲ့ဒါကသာမန်လူတန်းစားကောင်မလေးတွေကို စမ်းသပ်တာပဲ..သူများတွေပြောတာကတော့ သူတို့ကချမ်းသာတဲ့သူတွေလာကြိုက်ရင် ချက်ချင်းပြန်ကြိုက်တာတို့ ပိုက်ဆံမက်တယ်လို့ပြောကြတယ်..ကျွန်တော်ကလည်း အဲ့စကားတွေကမှန်သလားဆိုတာကို စိတ်ဝင်စားခဲ့တယ်..

ဒါကြောင့် အသက်၁၄ နှစ်အရွယ်ကနေစပြီး အခုချိန်ထိကိုတစ်ယောက်ချင်းဆီတွဲလာခဲ့တယ်... သူတို့ကတခြားသူတွေပြောသလိုမျိုးများလားဆိုပြီး တွဲခဲ့တယ်.. တကယ်ဖြစ်နေခဲ့တယ်လေ တခြားသူတွေပြောတဲ့အတိုင်း ကျွန်တော်အဖြေတောင်းတော့ချက်ချင်းကို အဖြေပေးခဲ့ကြတယ်..လိုချင်တာတွေလည်းတောင်းခဲ့ကြတယ်..

ကျွန်တော်ဖြည့်ဆည်းပေးခဲ့တယ်.. ဒါပေမဲ့တစ်ပတ်လောက်ကြာတဲ့အခါ တွဲရတာပျင်းလာတဲ့အခါဆိုရင် ဖြတ်လိုက်တယ်.. ဒီလိုနဲ့အဲ့ဒါတွေကိုအခုချိန်ထိဆက်လုပ်နေခဲ့တယ်..ဝါသနာတစ်ခုတောင်ဖြစ်လာခဲ့တယ်..
တဣသိုလ်မှာလည်းစမ်းသပ်ခဲ့တယ်..ဘယ်သူမှမအောင်မြင်ခဲ့ဘူး ကောင်မလေးတစ်ယောက်ကိုမတွေ့ခင်ထိပေါ့...

ကောင်မလေးနာမည်က ဂင်ဆွန်းယောင်း အရမ်းဆင်းရဲတဲ့အထဲမှာ သူမမပါဘူး တစ်ကောင်ကြွက်လေး ကိုယ့်အားကိုယ်ကိုးပြီး နေတဲ့သူဆိုတော့ ကျွန်တော်လည်းသူမကိုစမ်းသပ်ဖို့လုပ်ခဲ့တယ်..သူမသတင်းတွေကတဣသိုလ်မှာ အပြောများကြတယ်လေ စိတ်ထားကောင်းတဲ့အကြောင်း သူတစ်ပါးကိုကူညီပေးတက်တဲ့အကြောင်းတွေပေါ့..

ဒီလိုနဲ့တစ်နေ့တော့ ကျွန်တော်စျေးကြီးတဲ့ ပစ္စည်းတွေကိုဝယ်ခဲ့တယ် ကျောင်းပြန်တော့ ကျွန်တော်သူမကိုစျေးကြီးတဲ့ ပစွည်းတွေပေးပြီးအဖြေတောင်းခဲ့တယ်..ကျွန်တော်ထင်တာက ကျွန်တော်နဲ့ပစ္စည်းတွေကိုလက်ခံမယ်လို့ထင်ခဲ့တယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now