Arc-5.11

3K 402 39
                                    

( အပေါ်ကပုံလေးကတော့ အိုဆစ်ဂျွန်းရဲ့ပုံလေးပါ)

" တောက်စ်သူဘာကြောင့် ကန်ဆိုဟေ့ကိုပြသနာမရှာရတာလည်း ကန်ဆိုဟေ့နဲ့အတူတူအစားအစာစားနေရတာလည်း အချိန်တွေဖြုန်းတီးနေတယ် မဖြစ်ဘူးမြန်မြန်သူ့ဆီဖုန်းဆက်မှ.."
ကန်ဆိုဟေ့တို့ကို ကြည့်နေသော်သူဟာသူ့ရဲ့ဖုန်းကိုကောက်ထုတ်လိုက်ပြီး ဖုန်းနံပတ်တစ်ခုကို နှိပ်လိုက်လေတယ်..

သူနှိပ်လိုက်တာနဲ့ ကန်ဆိုဟေ့ရှေ့မှာထိုင်နေသော် ကောင်လေးရဲ့ဖုန်းဟာ မြည်လာခဲ့တယ်... သူမျက်မှောင်လေးတစ်ချက်ကုတ်လိုက်ပြီး စားနေတာကိုရပ်ကာဖုန်းကိုထုတ်လိုက်ပြီး ဖုန်းဆက်သူကိုကြည့်လိုက်လေတယ်..ဖုန်းဆက်သူဟာမည်သူမည်ဝါမှန်းသိရော ပိုပြီးတော့တောင်မျက်မှောင်လေးကုတ်နေလေသည်။

ထိုဖုန်းကိုလက်မခံပဲ စာရိုက်ကာတစ်ဖက်သူကိုပေးပို့လိုက်ပြီး စားစရာရှိတာဆက်စားနေတော့တယ်..ထိုအချိန် သူ့ဖုန်းဆက်သော်သူကတော့ သူ့ဖုန်းဆက်တာကိုမကိုင်ပဲချလိုက်တဲ့အခါ တောက်စ်လေးတစ်ချက်ခေါက်ပြီး ဆဲဖို့ပြင်တော့မလိုပဲရှိသေး.. သူ့ဆီရောက်လာသော် မက်ဆေ့ကိုဖတ်ကြည့်လိုက်လေသည်။

ထိုအခါမှ သူ့ရဲ့မျက်နှာဟာပြန်လည်ဝင်းပလာပြီး ကျေနပ်သော်အပြုံးလေးကိုပန်ဆင်ထားကာ ထိုနေရာကနေထွက်သွားတော့တယ်...

ခဏအကြာ ကန်ဆိုဟေ့ကော သူ့ရဲ့အရှေ့မှာရှိသော်ကောင်လေးတို့ နှစ်ယောက်သားအစားများစားသောက်ပြီးစီးသွားတော့တယ်..စားထားတာတွေများသွားတာကြောင့် နှစ်ယောက်သားသူအပြိုင်ကိုအပြိုင် လေကျင်တက်နေကြတော့တယ်... နှစ်​ယောက်သားအချင်းချင်းကြည့်ပြီး သဘောကျစွာရယ်နေကြတော့တယ်..

အရှေ့ကကောင်လေးဟာ စပြီး..
" ကဲငါတို့စားပြီးပြီဆိုတော့ အချိုပွဲလေးတဲကျရအောင်.."

" ok (>‿◠)✌ ''
ပုံလေးအတိုင်း ကန်ဆိုဟေ့လက်လေးနှစ်ချောင်းထောင်ကာ မျက်လုံးတစ်ဖက်မှိတ်ပြီး သဘောတူနေတော့တယ်...

အရှေ့ကကောင်လေးဟာလည်း သဘောကျစွာဖြင့် ရယ်လိုက်ပြီးအရှေ့ကပန်ကန်အကုန်လုံး သိမ်းဆည်းကာအချိုတဲဖို့အတွက် မုန့်များသွားဝယ်တော့တယ်..ကန်ဆိုဟေ့ကတော့ သူ့ရဲ့ဝဖြိုးနေသော်ဗိုက်လေးကို ဖြေးဖြေးချင်းဆီပွတ်ရင်းအရှေ့ကကောင်လေး ပြန်လာတာကိုစောင့်နေတော့တယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now