Arc-4.15🐰

4.7K 543 73
                                    


စျေးထဲရှိလူအများဟာ သူတို့ရဲ့အလုပ်တွေကိုမလုပ်ပဲ နေရာတစ်နေရာကိုသာစိုက်ကြည့်နေကြတော့တယ်...စျေးရောင်းသူကလည်းစျေးမရောင်ကြ၊ စျေးဝယ်သူတွေကလည်းစျေးဝယ်ကြမဲ့အစားထိုနေရာကိုသာစူးစိုက်ကြည့်နေကြတော့တယ်...

ဖြတ်သွားဖြတ်လာသူတွေကလည်း သူတို့သွားနေရာက​နေ ရပ်နေပြီး ထိုနေရာကိုတခြားသူတွေလိုမျိုးစိုက်ကြည့်နေကြတော့တယ်...သူတို့ကြည့်နေကြတဲ့အရာကတော့ လမ်းဘေးစျေးဆိုင်ထဲမှာ ခေါက်ဆွဲကိုသာ မနားတန်းစားနေတဲ့ ကောင်လေးကိုကြည့်နေကျချင်းဖြစ်တယ်...

ထိုကောင်လေးခေါက်ဆွဲကိုမြိုချတိုင်း ထိုကောင်လေးကိုကြည့်နေကြတဲ့သူတွေကလည်း ယောင်ကာတံတွေးမြိုချကြတော့တယ်...အနီရောင်သန်းနေတော့နှခမ်းသားလေးကို ကြည့်မိသူတိုင်းကလည်းအသဲတယားယားနဲ့သာဖြစ်နေတော့တယ်...

လူတွေဝိုင်းကြည့်နေတာကိုသတိမထားမိတဲ့ ကောင်လေးကတော့ စားကောင်းလွန်းလှတဲ့ခေါက်ဆွဲကိုသာ ခေါင်းမဖော်တန်းစားနေတော့တယ်...ခေါက်ဆွဲပုန်ကန်ကုန်သွားတဲ့အချိန်ရောက်မှ ခေါက်ပြန်ဖော်လာကာ ဘေးနားကရေခွက်ကိုမော့သောက်နေတော့တယ်...ထိုကောင်လေးရဲ့အပြုအမူတစ်ခုချင်းဆီတိုင်းကို လူအများကလိုက်ကြည့်နေကြတော့တယ်....

ကောင်လေးကတော့စားသောက်ပြီးစီးရော ဆိုင်ရှင်ကိုခေါ်ကာ ငွေရှင်းတော့တယ်...
ငွေရှင်းနေတဲ့အချိန်ရောက်မှ ဘေးပတ်ဝန်းကျင်ဟာတိတ်ဆိတ်နေတာကို ထိုကောင်လေးအခုမှသတိပြုမိသွားတာကြောင့် ဘေးပတ်ကိုလျောက်ကြည့်နေတော့တယ်...အကုန်လုံးသူ့ကိုဝိုင်းကြည့်နေတာကို သတိပြုမိသွားတဲ့အချိန် မျက်လုံးအဝိုင်းသားလေးဖြစ်သွားတော့တယ်...

ထိုကောင်လေးခဲရောင်မျက်ဝန်းလေးနဲ့ အကြည့်ခံလိုက်ရတဲ့သူတွေဟာ ညို့ယူခံလိုက်ရသလိုဖြစ်သွားကြပြီး ထိုကောင်လေးနောက်ထက်သူတို့ကိုကြည့်စေရန် တိတ်တဆိတ်ဆုတောင်းကြတော့တယ်...ကောင်လေးကတော့အခုချိန်သူ့ကိုဝိုင်းကြည့်နေကြတဲ့သူတွေကြောင့် နေရထိုင်ရခက်သွားပြီး ငွေအမြန်ရှင်းကာထိုနေရာကနေထထွက်သွားတော့တယ်....

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now