Arc-5.15

3.1K 394 40
                                    


ကန်ဆိုဟေ့တစ်ယောက်အိမ်ကိုပြန်ရောက်တာနဲ့ သူ့အကိုကိုတောင်မနှုတ်ဆက်ပဲ သူ့၏အခန်းဆီကိုပြေးသွားလေသည်။ ကန်ဂျီမင်းကတော့ဒီနေ့ဖြစ်ပျက်သွားတာတွေကြောင့် အခန်းထဲဝင်ငိုတော့မယ်လို့ ထင်သွားလေတယ် တကယ့်တကယ်ကတော့ကန်ဆိုဟေ့သူ့ရဲ့အကိုကိုနှုတ်မဆက်ပဲ အခန်းထဲပြေးဝင်သွားရတဲ့အကြောင်းအရင်းဟာ သေးပေါက်ချင်တာကြောင့်ဖြစ်တယ်..

ခဏအကြာအိမ်သာခန်းထဲကနေ ကန်ဆိုဟေ့ပြန်ထွက်လာပြီး ကုတင်ပေါ်ကိုသူ့ရဲ့ကိုယ်လုံးပစ်ချလိုက်တော့တယ် အပျင်းကြောလေးတစ်ချက်ဆန့်လိုက်ပြီး ဇိမ်ယူနေတော့တယ် သူဇိမ်ယူနေတဲ့အချိန် သူ့ကျော်ပိုးအိတ်လေးထဲမှာရှိသော် ဖုန်းလေးဆီကနေသီချင်းသံထွက်ပေါ်လာ၏။

ကန်ဆိုဟေ့သူ့ဖုန်းကိုနှိုက်ယူလိုက်ပြီး ဖုန်းခေါ်တဲ့သူကိုတစ်ချက်ကြည့်လိုက်ပြီး လက်ခံလိုက်တယ်..သူလက်ခံပြီးပြီးချင်း ဟိုဘက်ကနေ..

( ဝေ့ ကန်ဆိုမင်းရဲ့သရုပ်ဆောင်စကေးတွေကတော့ သောက်ရမ်းလန်းတယ်ငါတောင်မင်းဆီကနေပြန်သင်ရတော့မယ်..)

" ဒီလိုပဲလေ ဒါတောင်ပါးပါးလေးပဲရှိသေးတယ်.."

( ဟုတ်ပါပြီကွာ မင်းမနက်ဖြန်ကနေစပြီးကျောင်းလာစရာမလိုဘူး..)

" ဘာဖြစ်လို့လည်း..."

( မင်းအတွက်ငါကျောင်းအုပ်ကြီးဆီမှာ ခွင့်ယူပေးထားတယ် ဒီတစ်ပတ်လုံးမင်းလာစရာမလိုဘူး..)

" မိုက်လှကြည်လား ငါလည်းမတက်ချင်တာနဲ့အတော်ပဲ ကျေးဇူးကွာမင်းကူညီပေးတဲ့အတွက်..."

( မလိုပါဘူး ငါတို့ကတစ်လှေထဲသမားတွေပဲ အခုမင်းဟိုတစ်ယောက်ကြောင့် ပိုစိုးပတ်စက်ဝမ်းနည်းနေတဲ့ပုံစံဟန်ဆောင်ရမယ် ကျောင်းကကိစ္စတွေကိုငါနဲ့သာထားလိုက်..)

" ကောင်းပြီးလေ မင်းကိုပဲအားကိုးတော့မယ်
ဒါနဲ့မင်းငါ့အိမ်ကိုသိလား.."

( မသိဘူး ဒါပေမဲ့ငါစုံစမ်းလို့ရတယ် ဘာဖြစ်လို့လဲ.. )

" ငါဟန်ဆောင်ရမှာဆိုတော့ အိမ်ထဲကအိမ်ပြင်ထွက်ဖြစ်မှာမဟုတ်ဘူးလေ မင်းအိမ်လာလည်ရင်ကောင်းမယ် မင်းလာရင်မုန့်တွေအများကြီးဝယ်လာခဲ့ခိုင်းမလို့ ငါအခုဟန်ဆောင်ရမှာဆိုတော့ အစားအများကြီးစားဖို့မဖြစ်ဘူးလေ.. "

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now