Arc-4.13🐰

4.4K 541 31
                                    


သုံးလကြာသောအခါ....

အခုဆိုရင် ကျိုင့်ချန်းတိုင်းပြည်မှာလူတိုင်းရဲ့ပါးစပ်ဖြားကနေမချနိုင်အောင်ပြောနေကြတဲ့ သတင်းကြီးတစ်ခုရှိပေသည်။ ထိုသတင်းဟာ အိမ်ရှေ့စံမင်းသားလေးဘိုင်ရှီချန်းရဲ့အကြောင်းဖြစ်သည်။ လွန်ခဲ့တဲ့သုံးလထဲက ဘိုင်ရှီချန်းဟာတောသူခိုးတွေကိုသူတစ်ယောက်ထဲ ရှင်းထုတ်နိုင်ခဲ့တာကြောင့် မင်းကြီးဟာသူပြောခဲ့တဲ့စကားတိုင်း ဘိုင်ရှီချန်းကိုအိမ်ရှေ့စံမင်းသားအဖြစ်ခန့်အပ်ခဲ့ရတယ်....

ဘိုင်ရှီချန်းတောသူခိုးတွေကို ရှင်းထုတ်နိုင်ခဲ့တာကြောင့် တိုင်းသူပြည်သားအားလုံးဟာ ဘိုင်ရှီချန်းကိုနတ်ဘုရားတစ်ပါးလိုပူဇော်ခဲ့ကြတယ်..တောသူခိုးတွေရဲ့ကိစ္စတစ်ခုလေးအတွက်ကြောင့် နတ်ဘုရားတစ်ပါးလိုပူဇော်ခဲ့ကြတာမဟုတ်ပဲ တခြားအရေးအခင်းတွေကြောင့်လည်းပါသည်။

ပြည်သူတွေဆီကနေ ဂုတ်သွေးစုတ်နေတဲ့အမတ်တွေကိုဘိုင်ရှီချန်းကိုယ်တိုင်သုတ်သင်ပေးခဲ့တဲ့အပြင် အမတ်တွေရဲ့တရားနှိပ်စက်မူ့ကိုခံနေရတဲ့ အစေခံတွေ ကျွန်တွေကိုလည်းဘိုင်ရှီချန်းကကယ်တင်ပေးခဲ့တယ်..ဒါ့အပြင် ကလေးသူငယ်များကိုလည်းဖမ်းဆီးပြီး တစ်ဖက်တိုင်းပြည်ကိုပို့ဖို့ကြံတဲ့ သူတွေကိုလည်းဘိုင်ရှီချန်းဖမ်းဆီးပေးခဲ့တယ်....

လာဘ်စားတဲ့အမတ်တွေရော ၊ အလွဲသုံးစားကြံခဲ့တဲ့အရာရှိတွေရော၊ အမှန်တရားကိုဖုံးကွယ်ပြီး အသပြာကိုသာရှေးရူပြီးကြည့်နေခဲ့တဲ့ တရားသူကြီးတွေကိုလည်း ဘိုင်ရှီချန်းဖမ်းဆီးပေးခဲ့တယ်..အမတ်တွေအရာရှိတွေသာမက မကောင်းတဲ့မင်းသားတွေကိုလည်း ဘိုင်ရှီချန်းအပြစ်ပေးခဲ့တယ်...

မင်းသားတွေဟာ ပြည်သူတွေဆီကနေဂုတ်သွေးစုတ်ခဲ့တာတွေရော ၊ သူတို့ရဲ့အိပ်ယာပေါ်မှာ မိန်းကလေးတွေကိုအသုံးချပြီးသာယာမူ့ကိုခံစားနိုင်အောင်အသုံးချခဲ့တာတွေကိုရော ၊ အစေခံတွေကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေရော ဘိုင်ရှီချန်းပြည်သူတွေအရှေ့မှာ ပြောကြားခဲ့ပြီး သူကိုယ်တိုင် သူ့ရဲ့အဖေတူအမေကွဲတွေကိုသတ်ပြစ်ခဲ့တယ်...

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now