Arc-1.4

7.9K 738 59
                                    

ဇာတ်လိုက်- ယန်ဇူလင်
ဇာတ်လိုက်မ- ဝေ့ချင်းအော်
အရံ​ဇာတ်ကောင်- ချောင်းမင်း
Mcဝင်တဲ့ကိုယ် - ရှောင်ကျန့်

ရှောင်ကျန့်ကတော့ ချောင်းမင်းရဲ့ကားပေါ်ကဆင်းဆင်းချင်း ကျောင်းဝန်ထဲကို ပြေးဝင်သွားတာ သူအခုဘယ်ရောက်နေမှန်းကိုတောင် မသိတော့ဘူး...ဖားလေးပြောတာတော့ ကျောင်းအနောက်ဘက်မှာတဲ့ အခုရှောင်ကျန့် ခြုံပုတ်တွေပဲ ရှိတဲ့နေရာကိုရောက်နေတာပါ....

ကလေးဆိုးတွေက ဒီနေရာကိုအမြဲတမ်းလာပြီး ပုန်းနေကြနေရာဆိုလည်း မမှားဘူး....ပြီးတော့ အရင်ရှောင်ကျန့်ငိုရင် အမြဲတမ်းနေရာလေးကို လာနေကြဖြစ်သည်။ အခုသူလည်း ခြေထောက်ကဦးတည်တဲ့နေရာကို ပြေးရင်းရောက်သွားခဲ့တာပါ....

ရှောင်ကျန်ကတော့ အခုမှအသက်ကိုဝဝရှုနေရသည်။ သူ့ရဲ့ဘေးနားရှိတဲ့ဖားလေးဟာလည်း....

' host..အဟွတ်..ဖြေးဖြေး ပြေးအဟွတ် မပြေးလို့မရဘူးလား....မောလိုက်တာ.....'

' အဟွတ်...ဖားလေးကလည်း ငါလဲပြေးချင်တယ်ထင်လို့လား...တော်ကြာချောင်းမင်း စိတ်ပေါက်ပေါက်နဲ့ ငါ့ကို အပြစ်ပေးရင်ဘယ်လိုလုပ့်မလဲ...အဟွတ်.....'

ရှောင်ကျန့်နဲ့ဖားလေး အမောဖြေနေတုန်း စကားပြောနေတဲ့ဘအသံများကြားလိုက်ရတဲ့ အချိန်မှာ ရှောင်ကျန့်ဟာအသံလာရာဘက်ကို လျောက်သွားလေသည်။ သူခဏလောက်လျောက်သွားလိုက်တဲ့ အချိန် အခန်းဟောင်းထဲကနေ အသံထွက်ပေါ်လာတဲ့ အတွက်ကြောင့် ထိုအခန်းဟောင်းလေးကို ဝင်သွားလေသည်။

ဘေးနားကနေဖားလိုက်ဟာလည်း ရှောင်ကျန့်နောက်ကို ထက်ကြပ့်မခွာလိုက်သည်။ ရှောင်ကျန့်သွားနေရင်း စကားပြောသံတွေဟာ ကျယ်လောင်စွာထွက်ပြောလာတယ်....

( အခုရေးမဲ့စကားသံတွေကို ကလေးတစ်ယောက်ပြောတဲ့ စကားသံလို့မှတ်ပေးပါနော်...စကားလေးကသိပ့်မပီဘူးပေါ့)

" မင်းဘာလို့ငါ့ကို ပြန်မကြိုက်တာလည်း..."

" ငါ့ဘာသာမကြိုက်ချင်လို့ မကြိုက်တာနင့်အပူပါလား..ဘယ်စမ်း...ကျောင်းတက်တော့မယ်......"

" မဖယ်ဘူးကွာ...ငါ့မိသားစုကလည်း ချမ်းသာတယ်လေ..ဘာကြောင့်မ​ကြိုက်ရတာလည်း...."

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now